Monday, April 11, 2022

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေးသင်တန်း ကျောင်းများကြည့်ရှုစစ်ဆေး

 


နေပြည်တော်ဧပြီ ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူ များနှင့်အတူယမန်နေ့ကရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

စွမ်းဆောင်ရည်မြင့်မားစေရေး

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းများ မကြာမီဖွင့်လှစ်နိုင်ရေးအတွက်စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများကို စနစ်တကျပြင်ဆင်ထားကြရန်၊ လိုအပ်သောအဆင့်မီ သင်ထောက် ကူပစ္စည်းများကို ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ထားကြရန်၊စာပေဘာသာရပ်များ သင်ကြားရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် ပြုစု ပျိုးထောင်ပေးရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ်လေ့လာဆည်းပူးသွားကြရန် မှာကြားသည်။

ထို့နောက် တာဝန်ရှိသူများက ဒီဂရီကောလိပ်ဆိုင်ရာ အချက်အလက်များ၊ သင်တန်းများပြန်လည် ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေနိုင်ရေးအတွက် သင်ကြားရေးနှင့် စီမံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကတင်ပြမှုများအပေါ် လိုအပ် သည်များ မှာကြားဖြည့်ဆည်းပေးပြီး ကောလိပ်၏အားကစားကွင်းအဆင့်မြှင့်တင် ဆောင်ရွက်ရန် လျာထားမှု၊ စာသင်ခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက် ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိပြီး ဧည့်ခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ်သည်။

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာနနှင့် JapanMyanmarAssociation(JMA) တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းတက်ရောက်နေကြသည့်သင်တန်းသူများ၏လေ့ကျင့်သင်ကြား‌နေမှုနှင့် ထပ်မံဖွင့်လှစ်မည့် သင်တန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ကျောင်းဝင်းအတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာတွင် ဆောင်ရွက်လျက်ရှိသည့်Green Houseများနှင့် ငါးကန်များတွင် ငါးမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွေးမြူ‌ရေးစခန်းအကောင်အထည်ဖော်

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်ယနေ့ နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးလှည်းကူး မြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်(၃) ၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ဗဟို လေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား သင်တန်းသူများနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များ သက်သာချောင်ချိရေးအတွက်ကြက်၊ ဝက်၊ ငါး မွေးမြူ‌ရေးစခန်းအကောင် အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ရောက်ရှိပြီးသင်တန်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာအချက် အလက်များ၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်ပြီးသင်တန်းကျောင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment