မကွေး ဧပြီ ၂၄
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရုပ်ရှင်ရုံများအား မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ ရုပ်ရှင်များ ပြန်လည်ပြသလျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး)တွင် ရုပ်ရှင်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့
ကြည့်ရှုအားပေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ မင်္ဂလာစံပြရုပ်ရှင်ရုံ (မကွေး)တွင်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ရုပ်ရှင်ပြသနေမှု၊ ရုပ်ရှင်လာရောက်ကြည့်ရှုကြ
သည့် ပြည်သူများအား ရုံအဝင်တွင် ကိုယ်အပူချိန်တိုင်းစက်ဖြင့် တိုင်းတာခြင်း၊ လက်သန့်
ဆေးရည်များ စီစဉ်ထားခြင်း၊ ပြည်သူများ ရုပ်ရှင်ကြည့်ရာတွင် စိတ်အေးချမ်းစွာ
ကြည့်ရှုနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး
မင်္ဂလာစံပြရုပ်ရှင်ရုံ (မကွေး)တွင် ရုံတင်ပြသလျက်ရှိသည့် “ဝေးမနေချင်ဘူး”
မြန်မာရုပ်ရှင်အား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
မကွေးမြို့
မင်္ဂလာစံပြရုပ်ရှင်ရုံအနေဖြင့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ ရုပ်ရှင်များ
ပြန်လည်ပြသလျက်ရှိကာ ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့လယ်(၁၂)နာရီအချိန်တွင်
“ဝေးမနေချင်ဘူး” မြန်မာရုပ်ရှင်၊ မွန်းလွဲ(၃)နာရီအချိန်တွင် Pee
Nak 3 ထိုင်းရုပ်ရှင်နှင့် ညနေ (၆)နာရီအချိန်တွင် Beast အိန္ဒိယရုပ်ရှင်တို့အား ရုံတင်ပြသသွားမည်ဖြစ်ပြီး ရုံးဝင်ခနှုန်းထား အနေဖြင့်
တစ်ဦးလျှင် ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်
သတ်မှတ်ထားကြောင်း သိရသည်။
ကိုအောင်


No comments:
Post a Comment