Thursday, April 14, 2022

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများပြုလုပ်

နေပြည်တော် ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ညနေပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ် များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်း အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိုသို့ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ပြုလုပ်ကြရာ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံရှေ့ မဟာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ ကျိုင်းတုံမြို့ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၊ တြိဂံ ဒေသ တိုင်းစစ်ဌာန ချုပ်၏ ခေမာရဋ္ဌမဟာသင်္ကြန် မဏ္ဍပ်တို့၌ လည်းကောင်း၊ မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာရေကစားမဏ္ဍပ်၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာ ရေကစား မဏ္ဍပ်၌လည်းကောင်း၊ ပုသိမ်မြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် အတာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တွေတပ်နယ် မဟာသင်္ကြန်မဏ္ဍပ်၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း အသီးသီးပြုလုပ် ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယိမ်းအက အလှများဖြင့် ယှဉ်ပြိုင်ကပြ ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ဖြင့် အတာရေ သဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment