Monday, April 18, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့ပေါ်ရှိ သီလရှင်ကျောင်းများကို ဆွမ်းဆန်တော်များလှူဒါန်း


စစ်တွေ ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက်များသို့ သွားရောက်ပြီး ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် စစ်တွေမြို့ လမ်းသစ်ရပ်ကွက်ရှိ အဗ္ဗာရာမသာသနာ့အနွယ်ဝင် သီလရှင်ပရိယတ္တိစာသင်တိုက်ရှိ သီလရှင်ဆရာကြီးနှင့် သီလရှင်ဆရာလေးများကို ဖူးမြော်ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း ဆွမ်းဝေယာဝစ္စများနှင့် ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ကျောင်းတိုက်အတွင်းရှိ သီလရှင်များ စာပေပရိယတ္တိများကို အေးချမ်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ဆွမ်းဆန်တော် ၁၅ အိတ် ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် လမ်းသစ်ရပ်ကွက်ရှိ သုဓမ္မာပရိယတ္တိသီလရှင်စာသင်တိုက်၊ ဘောင်းဒွတ်သားစုရပ်ကွက်ရှိ ကျားရုပ် ပရိယတ္တိသီလရှင်စာသင်တိုက်၊ စက်ရုံစုရပ်ကွက်ရှိ အသျှင်ဉာဏစက္ကစိတ္တသုခ ကမ္မဌာန်း ကျောင်းတိုက်၊ စည်ပင်သာယာရွှေဂူရိပ်သာတို့ရှိ သီလရှင်ဆရာကြီးနှင့် ဆရာလေးများကို ဖူးမြော်ကာ ဆွမ်းဆန်တော်များ လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် အသျှင်ဉာဏစက္ကစိတ္တသုခ ကမ္မဌာန်းကျောင်းတိုက်၊ စည်ပင်သာယာရွှေဂူရိပ်သာရှိ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment