နေပြည်တော် မတ်လ
၅
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၆၈/၂၀၂၀)တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်ကိစ္စနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အပိုဒ်(၂၆)ပါဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးအတွက် “ရာထူးတိုးမြှင့် ခန့်ထားရာတွင် ရာထူးအဆင့်လိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တိုးမြှင့်ခန့်ထားမည့် ရာထူးတာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်းများကို အရည်အချင်း စစ်ဆေးအကဲဖြတ်ရွေးချယ်ပြီး ရာထူးတိုးမြှင့်ပေးရမည်”ဟု ပြဋ္ဌာန်းထား၍ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း။
စက်မှုဝန်ကြီးဌာနရှိ အဆင့်မြင့်အရာထမ်းများအနေဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များကို သိရှိလိုက်နာပြီး မှန်မှန်ကန်ကန် တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် အလုပ်တစ်ခုအတွက် လုပ်ငန်းတာဝန် သတ်မှတ်ချက်၊ အလုပ်တစ်ခုအတွက် အရည်အချင်း သတ်မှတ်ချက်တို့ကို တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းရန် လိုကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စီမံချက်များရေးဆွဲ၍ အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု တိုးတက်မြင့်မားစေရေးအတွက် အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် အရည်အချင်း သတ်မှတ်ချက်များ ရေးဆွဲရာတွင် လိုအပ်သည့် အလုပ်ကို ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ အကြောင်းအရာများ၊ နမူနာအနေဖြင့် အိမ်နီးချင်းနိုင်ငံများရှိ နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်ရေးဆွဲထားသည့် ကျွမ်းကျင်မှု အခြေပြု လူ့ရင်းမြစ်ဖွံ့ဖြိုး တိုးတက်မှုစနစ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဟောပြော၍ အသိပညာပေး မျှဝေဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အသေးစိတ်ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment