Sunday, March 6, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ် အားကစားကဏ္ဍအဆင့်မြင့်မားစေရေး ပြည်နယ်အားကစားဥယျာဉ် စီမံကိန်းလုပ်ငန်း တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး

  


မော်လမြိုင်   မတ်   

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်း ကမော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ ပြည်နယ်အားကစားဥယျာဉ် စီမံကိန်းသို့ရောက်ရှိပြီး ရှေးဦးစွာ မီတာ (၄၀၀) ဘောလုံးကွင်း Inner Fencing ကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလ ရေတင်ကျန်မှုမရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရေးတို့ကို မှာကြားသည်။

 


ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အားကစားသမားအိပ်ဆောင် (၁၂ဝ×၄၄)ပေ RC ()ထပ် အမျိုးသား၊ အမျိုးသမီး အိပ်ဆောင် ()ဆောင် ဆောက်လုပ်နေမှု၊ ထမင်းစားဆောင် (၁၂ဝ×၄၀)ပေ RC ()ထပ် တည်ဆောက်နေမှု၊ မီးဖိုဆောင် (၆၀×၃၀)ပေ RC တည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာ (၁၀၇×၂၉) ပေ RC ()ခန်းတွဲ ()ထပ် တည်ဆောက်နေမှုနှင့် အရာထမ်းအိမ်ရာ (၉၈×၅၂)ပေ RC ()ခန်းတွဲ ()ထပ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာကုမ္ပဏီ တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စံချိန်စံညွန်း ပြည့်မီစွာ ဆောက်လုပ်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများကို ကဏ္ဍအလိုက် ကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြတ်သီတာ

No comments:

Post a Comment