Sunday, March 6, 2022

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေး



နေပြည်တော် မတ် ၅ 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နယ်မြေခံတပ်ရင်းများတွင် မွေးမြူထားရှိသည့် ဥစားကြက်မွေးမြူရေးခြံ၊ အသားတိုးကြက်ခြံနှင့် DYL ဝက်မွေးမြူရေးခြံ၊ ဒေသနွားမွေးမြူရေးခြံနှင့် ဆောင်းသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment