တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲတို့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကလေးကစားစရာပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၆၇၀,၄၀၀) လည်းကောင်း၊ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ချည်ထည်ကုန်ကြမ်းပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၃၄၄,၉၅၀) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၀၁၅,၃၅၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၊ တာဝန်ကျ အကောက်ခွန်အဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်အမှတ် (၁၆/၃)မိုင်ခန့်တွင် စုပုံထားသည့် ပိုင်ရှင်မဲ့ ပလပ်စတစ်ရေတိုင်ကီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂ဝဝ,ဝဝဝ) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၅ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် တာဝန်ကျအကောက်ခွန်အဖွဲ့က ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သိန္နီ-ချင်းရွှေဟော်လမ်း၊ နမ့်စလပ်ရွာအနီးတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်လာသော မော်တော်ယာဉ် (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၃၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်များအတွင်း လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၁၁၅,၃၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment