နေပြည်တော် မတ် ၄
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဝိပဿနာကျောင်းတိုက်သို့ လည်းကောင်း၊
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဘုရားကြီးကျောင်းတိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ်
ဘားအံမြို့နယ်ရှိ သရက်တောကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ
လယ်ဝန်ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်သို့
လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်သို့
လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ
သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက
သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment