နေပြည်တော် ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည် (LP Gas) များသယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ယနေ့မွန်းလွဲပိုင်းတွင် PDF အမည်ခံအကြမ်းဖက် သမား များကလက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဩရကုမ္ပဏီမှ Fuso အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်သည် ရေးမြို့သို့ လည်းကောင်း၊ ချစ်လင်းမြိုင်ကုမ္ပဏီမှ Fuso အမျိုးအစား ၁၀ ဘီးမော်တော်ယာဉ်သည် မော်လမြိုင်မြို့သို့လည်းကောင်း ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည် (LP Gas)များ သယ်ဆောင်၍ မြဝတီမြို့ မှ ထွက်ခွာလာစဉ် ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီ- ကော့ကရိတ် သွား အာရှလမ်းမကြီးအနီး အပြင်ကွင်း ကလေးကျေးရွာ၏ အနောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုသို့ ပစ်ခတ်၊ မီးရှို့မှုများကြောင့် ယာဉ်မောင်းများဖြစ်ကြသည့် ဦးမင်းမင်းတွင် မီးလောင်ဒဏ်ရာများဖြင့် လည်း ကောင်း ဦးခင်မောင်သန်းတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး မော်တော် ယာဉ် တစ်စီးမီးလောင်ပျက်စီးခဲ့ကာ ကျန်မော်တော်ယာဉ်တစ်စီးမှာ လက်နက်ငယ် ကျည်ထိမှန် ပျက်စီးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များဆောင် ရွက်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အကြမ်းဖက် လုပ်ရပ် များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment