Sunday, January 16, 2022

မြဝတီမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား (ICRC) က လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

 


နေပြည်တော် ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအား ရန်ကုန်မြို့အခြေစိုက် International Committee of the Red Cross (ICRC) မှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် မယ်ထော်သ လေးကျေးရွာ၊ သီရိမင်္ဂလာဓမ္မဗိမာန်တော် ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံ၍

အိမ်ထောင်စု ၇၀ စုအတွက် ခြင်ထောင် ၁၄၀ လုံး၊ စောင် ၁၄၀ ထည်၊ တစ်ကိုယ်ရည် သုံးပစ္စည်းများဖြစ်သည့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ခေါင်းလျော်ရည်၊ ဆပ်ပြာမှုန့် စသည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထောက်ပံ့ပေးအပ်မှုများကိုလည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment