နေပြည်တော်
ဇန်နဝါရီ ၂၂
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)
တန့်ယန်းမြို့ရှိ ရွှေမောင်းသီလရှင် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်
ဈေးရပ်ကွက်ရှိ သိမ်ကုန်းကျောင်းတိုက်၊ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်းတိုက်၊
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုညကာရီကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့
ဇီးဖြူကုန်းရပ်ကွက်ရှိ ဇေယျသုခကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်
ရန်ကင်းတောင်ခြေ ဝေနေယျမနောသုခကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ် ဆွာမြို့ရှိ
ရတနာအလင်းရောင်ကလေးများ စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တို့ရှိ
ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင်
တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊
နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်
လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်
လှူဒါန်းခဲ့ကြသည်။ ။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်
ဆွာမြို့ရှိ ရတနာအလင်းရောင် ကလေးများစောင့်ရှောက် ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ
သံဃာတော်များနှင့် ကျောင်းသား ကျောင်းသူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က
လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment