မြောင်းမြ ဇန်နဝါရီ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျင်း ပပြုလုပ်သော “အနာဂတ်လူငယ်များဉာဏ်ရည်ဖွံဖြိုး ကြီးထွားစေရန် နွားနို့တိုက်ကျွေးခြင်း” အခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နွားနို့တိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနာဂတ်မျိုးဆက်သစ်များ ကိုယ်ခန္ဓာကြီးထွားစေရန်နှင့် ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးသကဲ့သို့၊ ကိုယ်ဝန်ဆောင်အချိန်မှ စပြီး အသက်(၂) နှစ်အထိ ကလေးများကိုလည်း ထောက်ပံမှုများပေးနေကြောင်း၊ ထိုပြင် အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများကိုလည်း နိုင်ငံတော်မှ လစဉ်ထောက်ပံ့မှုများ ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်း အနားတွင် ပူးပေါင်းပါဝင်ပေးကြသည့် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အလှူရှင်များ အား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၈၂)ဦးအား ကြက်ဥနှင့်နွားနို့များ တိုက်ကျွေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရပါသည်။
စန္ဒာကြည်
No comments:
Post a Comment