Saturday, January 22, 2022

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၂၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ထောင်စုအလံတော် သယ်ယူရေးကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလှပြယာဉ်များကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 

ပေါင်းစပ်ညှိနှိုင်းပေး 

ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က ဖျော်ဖြေရေးအဖွဲ့များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများက အလှပြယာဉ်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ ဖျော်ဖြေရေး အဖွဲ့များ လေ့ကျင့်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 

သတင်းစဉ်

No comments:

Post a Comment