သာပေါင်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် သစ်တောဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၂)ထပ် အဆောက်အဦးသစ်ဖွင့်ပွဲနှင့် သာပေါင်း-ရေနံ့သာ ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တတ်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
သာပေါင်းမြို့နယ်
သစ်တောဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၂)ထပ် အဆောက်အဦးသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးမြင့်စိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများ ပတ်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးအရအဖွဲ့သည် တောင်ကလေးကျေးရွာအုပ်စု၊
တောင်ကလေးကျေးရွာသို့ ဆက်လက်ထွက်ခွာလာပြီး သာပေါင်း-ရေနံ့သာ ကွန်ကရစ်လမ်းသစ်(၂)မိုင်အား
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး
တင်ဇော်ထွန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးနေထက်ရှိန်တို့မှ
ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီးနောက် ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေသားလမ်းချဲ့ ကျောက်အမာခံခင်းခြင်း
လုပ်ငန်းများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လဟာဂမုံကျေးရွာအုပ်စု၊ တောဂရက်ကျေးရွာ
(အ.မ.က)ကျောင်းနှင့် (အ.မ.က) စမ်းကြီးကျောင်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊
မတ်စ်များနှင့် လက်ဆေးဟန်းဂျယ်ဘူးများ၊ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်
အစိုးရအဖွဲ့ မြတ်တောင်ညိုစေတီတော်သို့ တတ်ရောက်ဖူးမျှော်၍ အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း
သိရသည်။
မျိုးဇော်သိန်း
No comments:
Post a Comment