နေပြည်တော် ဇန်နဝါရီ ၁၉
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပလျက် ရှိရာ ယနေ့ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင် တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့တွင် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါ ပြိုင်ပွဲတွင် တာဝန်ရှိသူတစ်ဦးက (Women of the match) ဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁၀) မနန်းဖြူဖြူသွယ် ကို ဆုငွေကျပ် (၅၀၀၀၀) ပေးအပ်ချီးမြှင့်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ် အဖြစ် ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ညနေ(၃) နာရီတွင် ဗိုလ်လုပွဲစဉ်အဖြစ် ရခိုင်ပြည်နယ် အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးဝါ သနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် အဆိုပါ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV HD) နှင့် (MRTV Sports Channel) ရုပ်သံလိုင်းတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment