Tuesday, January 11, 2022

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပ


တောင်ကြီး ဇန်နဝါရီ ၁၁

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(/၂၀၂)ကို ယနေ့နံနက် (၁) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော် စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးနှင့်လျော်ကြေး ရထိုက်ခွင့် ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား နစ်နာကြေးနှင့် လျော်ကြေးပေးချေနိုင်ရေး၊ မြို့နယ်နှင့်ခရိုင် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ အမြန်ဆုံးစိစစ်တွက်ချက် တင်ပြလာမှသာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ထောက်ခံပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြနိုင်မှာဖြစ်သည့်အတွက် မြန်မြန်ဆန်ဆန် တင်ပြရန် လိုအပ်မှာဖြစ်၍ မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသော အမှုတွဲများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသော မြေနှင့်လွတ်ကင်းသော ဧရိယာများကိုသာ စိစစ်ခွင့်ပြု ပေးလျက် ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစွာ ပေါကြွယ်ဝသည့်အတွက် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကြပြီး ဒေသနှင့် ကိုက်ညီမည့် ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ မက္ကဒေးမီးယား စသည့် နှစ်ရှည်ပင်များနှင့် ဆီထွက်သီးနှံများကိုလည်း ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (/၂၀၂) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (/၂၀၂၁) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(/၂၀၂) တင်ပြချက်များနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေ ထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment