Monday, January 10, 2022

တရားမအထူးအယူခံမှု(၃)မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု(၅)မှု ရုံးထိုင်ကြားနာ


 

နေပြည်တော်    ဇန်နဝါရီ    ၁၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များဖြစ်ကြသော  ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်မေရီတို့ ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၃/၂၀၂၀ (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀ (ပဲခူး)၊  စုစုပေါင်း  တရားမအထူး အယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉၈/ ၂၀၁၉ (စစ်ကိုင်း)၊၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀  (ရှမ်း)၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/ ၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု ( ၅ ) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ ကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment