မိုးညှင်း ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်/ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် စုပေါင်းရုံးရှိ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးညီညီလွင်က “မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ
နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ
ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများကို ဇန်နဝါရီလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက်
ကချင်ပြည်နယ်နေ့မှာ ကချင်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်များနဲ့အတူ ဂုဏ်ထူးဆောင်ဆုပစ္စည်း
များကို ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်
ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်
ဆုရရှိသူများအား တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးညှင်းမြို့နယ်အတွင်း စီမံခန့်ခွဲရေးဆိုင်ရာဆု၊
စီးပွားရေးဆိုင်ရာဆု၊ လူမှုရေးဆိုင်ရာဆုနှင့် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိသူ (၂၃)ဦးတို့ကို
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုတံဆိပ်လက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး
စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။
ဇွဲသူရအောင်
No comments:
Post a Comment