မြစ်ကြီးနား ဇန်နဝါရီ ၁၂
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်၌ ဗိုလ်ရှုသဘင်အခမ်းအနားအတွက် ကချင်ပြည်နယ်မှ ဆင်ယင်ပြ သသွားမည့် အလှပြယာဉ် (၃)စီးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ဝန်ထမ်းများအား တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအတွက် နေပြည်တော်တွင် ဆင်ယင်ပြသ သွားမည့် အလှပြယာဉ်များနှင့် စပ်လျဉ်း၍ နေပြည်တော်တွင် ပြင်ဆင်ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များ၊ ယာဉ်တစ်စီးခြင်းစီအလိုက် သတ်မှတ်ထည့်သွင်းဖော်ပြရမည့် ဆင်ယင်မှုများအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အလှပြယာဉ်များအတွက် နေပြည်တော်တွင် တာဝန်ကျ ဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက် ဖြည့်ဆည်းပေးသွားမည့် လုပ်ငန်းများကို အသီးသီး အကြံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် အုပ်ချုပ်/ ထောက်ပံ့ဆိုင်ရာ ကိစ္စရပ်များအပေါ် ဦးဆောင်တာဝန်ယူမည့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment