မုံရွာ ဇန်ဝါရီလ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၂) ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ မြို့နယ်သစ်တော ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသားများအတွက် သင်ထောက်ကူ ပစ္စည်းများအား သင်တန်းသားတစ်ဦးထံ ပေး အပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာနတို့မှ ပူးပေါင်း၍ တိုင်းဒေသကြီး အတွင်း ဌာနများအလိုက် ဆောင်ရွက်နေသော အခြေအနေများကို ပြသထားသော ပြခန်းအားလှည့် လည်ကြည့်ရှု အားပေးခဲ့ပြီး မုံရွာမြို့ နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ နန္ဒဝန်ပျိုးဥယျာဉ်၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့်ပျိုးပင် - ၂၇ မျိုး၊ ပျိုးပင်ပေါင်း - ၁၆၇၉၄၉ (တစ်သိန်းခြောက်သောင်း ခုနှစ် ထောင့်ကိုးရာ လေးဆယ့်ကိုး) ပင်၊ ပျိုးထောင်ပြုစုထားမှုနှင့် စိုက်ပျိုးနေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ
သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်သင်တန်းသို့ တိုင်းဒေသ ကြီးအတွင်းရှိ
မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်တို့မှ သင်တန်းသား (၃၀)ဦး
တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းအား ဇန်နဝါရီလ (၁၂)ရက်နေ့မှ ဇန်နဝါရီလ (၁၄)ရက်နေ့အထိ
စာတွေ့လက်တွေ့ သင်ကြားပေးသွား မည် ဖြစ်ကြောင်း သိရသည်။
အလားတူ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည်ဇန်နဝါရီလ(၁၁)ရက်၊ မွန်းလွဲပိုင်းတွင်
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ကျင်းပသော အစည်းအဝေးသို့ တိုင်းဒေသကြီး
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)သို့
တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး
တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး
ဦးသန်းလွင်က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းများနှင့်
ပတ်သက်၍ ရှင်းတင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသော တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး
ဆွေးနွေးတင်ပြကြသည်။
ယင်းနောက်
တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ်
လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား
ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး ပြန်/ဆက်
No comments:
Post a Comment