နေပြည်တော် ဇန်နဝါရီ ၁၂
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင်
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့အဝင် အိုရီယမ် တယ်တိုးဂိတ် အနီးတွင် လားရှိုးမှ
မန္တလေးသို့ ရဲမင်းအောင် (ခ)ကိုငယ်မောင်းနှင်ပြီး လွှမ်းမိုး (ခ) ကိုစိုင်း လိုက်ပါလာသည့်
LANDCRUISER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှဒေသကာလ တန်ဖိုးငွေကျပ်သိန်း
၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်
အရသိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှရန်ကုန်တိုင်း
ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ နှစ်ဦး ကို ဥပဒေအရ အရေးယူထားရှိပြီး
ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment