တောင်ကြီး ဇန်နဝါရီ ၈
ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးအား ကုမ္ပဏီ၏ တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်နေမှု၊ တွေ့ကြုံ နေရသည့် အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပ တင်ပို့မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး သီးနှံစိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှု လုပ်ငန်းဖြစ်သော Top Ten Star Producting Co.,Ltd. ၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ခဲသတ္တုသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိရာ ကုမ္ပဏီ၏ တာဝန်ရှိသူများက စက်ရုံလုပ်ငန်းလည်ပတ်နေမှုနှင့် အခက်အခဲများကို တင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီးက အခက်အခဲများနှင့်စပ်လျဉ်း၍ ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးကာ သတ္တုထုတ်လုပ်မှုလုပ်ငန်း များနှင့် သတ္တုသန့်စင် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment