Sunday, January 23, 2022

ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှု အားပေး


ဟင်္သာတ  ဇန်နဝါရီ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုး ကူးစက်ပြန့် ပွားမှု လျော့နည်းစေရန် ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ယနေ့နံနက် ၉ နာရီက ဟင်္သာတ မြို့၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာခန်းမသို့ လာရောက် ကြည့်ရှု အားပေးခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်နှင့် အထက်နှင့် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ဟိုတယ် တည်းခိုးခန်း ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ အလုပ်သမားအဖွဲ့များ၊ အကျဉ်းသားများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  သတ်မှတ် ဦးတည်အုပ်စုများအလိုက်  နေ့စဉ်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း  ပြည်သူများကလည်း မိမိတို့ ကျန်းမာရေးအတွက် အထူးဂရုပြု၍ လာရောက်ထိုးနှံကြ စေလိုကြောင်း ယခုအခါ ကိုဗစ် မျိုးကွဲသစ် အိုမီကရွန်ပိုးသည် မိမိတို့ နိုင်ငံအတွင်း ကူးစက်မူများရှိလာနေပြီ ဖြစ်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူများအနေဖြင့် လိုက်နာနေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြားကာ ကာကွယ်ဆေး ထိုးနှံပေးနေမူများကို လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ

 


No comments:

Post a Comment