Saturday, January 22, 2022

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ


နေပြည်တော်
 ဇန်နဝါရီ   ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ရှိ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင် တတ်မြောက်အောင် သင်ယူလေ့လာကြရန်၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်ဖြင့် မိမိဒေသ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးပြုသူအဖြစ် ရပ်တည်နိုင်ရေးကြိုးပမ်း ကြရန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျောင်းသားကျောင်းသူ ၅၉ ဦး၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်၌ ၂၁၃ ဦးနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ၄၉ ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment