နေပြည်တော် ဇန်နဝါရီ ၁၂
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့် ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် U-25 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ
ပထမအဆင့်အုပ်စု ပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌
စစ်ကိုင်းတိုင်း ဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက
စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ရလဒ် (၃)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း
ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ
ရန်ကုန်တိုင်း ဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဂိုး (၀)ဂိုးမရှိဖြင့်
လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည့်ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်အသင်းမှ
ကျောနံပါတ်(၁၇) မခင်ထက်ထက်စံနှင့် တနင်္သာရီတိုင်းဒေသကြီး
အသင်းမှ ကျောနံပါတ်(၁) နော်ထရယ်ဘယ် တို့ (၂)ဦးကို ဆုငွေကျပ် (၅၀၀၀၀)စီအား တာဝန်ရှိသူများက
ပေးအပ်ချီးမြှင့်သည်။
ဇန်နဝါရီ ၁၃ ရက်တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ
ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း ကွင်းအမှတ်(၁)၌ မကွေးတိုင်းဒေသကြီး
အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်
(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့
ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment