Thursday, January 13, 2022

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


အစည်းအဝေးသို့ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက Video Message ပေးပို့ အမှာစကား ပြောကြားရာတွင် စီမံကိန်း အတွက်သုံးစွဲထားသော နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ဆဲ အဆောက်အဦ နှင့် Infrastructure လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပြီး နေထိုင်လိုသူ ပြည်သူများအား အလျင်အမြန် အငှားချထားပေးနိုင်ခြင်းအားဖြင့် တိုးတက်လာသော လူဦးရေနှင့် လိုအပ်မည့်အိမ်ရာများ ဖြည့်ဆည်းပေးနိုင်မည့်အပြင် ငှားရမ်းခဝင်ငွေများ နိုင်ငံတော်ဘဏ္ဍာငွေသို့ ပြန်လည်စီးဝင်လာမည် ဖြစ်ကြောင်း၊ Phase (1) ၏ တည်ဆောက်ရေး လုပ်ငန်းများ မတ်လနှင့် ဧပြီလတွင် ပြီးစီးနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ အငှားအိမ်ရာ ချထားပေးနိုင်ရေးအတွက် အိမ်ခန်း အငှားချထားရေး မူဝါဒများကို လည်း ကြိုတင်ချမှတ်ထားရန် အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်က ပြည်သူ့အငှားအိမ်ရာ စီမံကိန်း လုပ်ငန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ လုပ်ငန်းများအရှိန်အဟုန်ဖြင့်  ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စီမံကိန်း ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ ငှားရမ်း နေထိုင်ခွင့်ဆိုင်ရာ အခြေခံမူများ၊ အိမ်ခန်းလျှောက်ထားသူများအတွက် သတ်မှတ်ချက်များ၊ SOP စနစ်တကျ ရေးဆွဲရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြ သည်။

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူးက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ကောင်စီတို့မှ အကြံပြုဆွေးနွေး တင်ပြမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်နှင့် ဝင်ငွေနည်းပြည်သူများ၏ နေထိုင်ရေး ဖြေရှင်းပေးနိုင်ရန် ပြည်သူ့အငှား အိမ်ရာစီမံကိန်း အခန်း(၁၀၀၀၀) စီမံကိန်းမှ Phase (1) အဖြစ် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၄၄၈) ခန်း၊ အဆောက်အဦ (၂၈) လုံး၊ ရန်ကုန်မြို့၊ ဒဂုံတောင် မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၃၁၀၄) ခန်း၊ အဆောက်အဦ (၁၉၄) လုံးနှင့် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၁၄၅၆) ခန်း၊ အဆောက်အဦ (၉၁) လုံး ၊  စုစုပေါင်း (၅၀၀၈) ခန်း ၊ အဆောက်အဦ (၃၁၃) လုံးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီပြည်သူများအား အငှားအိမ်ရာများ ချထားပေး နိုင်ရန် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment