Tuesday, January 18, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မွန်ပြည်နယ်အတွင်းရှိ ရာဘာခြံများနှင့်စက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ  ၁၈

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း တို့နှင့်အတူ ဇန်နဝါရီ( ၁၆)ရက် နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်ရှိ မင်းရွာရာဘာခြံ၌ ရာဘာပင်များ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရမ့်ရာဘာစက်ရုံသို့ ရောက်ရှိပြီး ရာဘာထုတ် လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်မှုဝန်ကြီးဌာနနှင့် United Agrifood Co., Ltd. တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အောင်မြင်ဖြစ်ထွန်းနေသည့် ဒူးရင်းပင်များ စိုက်ပျိုးထား ရှိမှုကို အားပေးကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်) သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်တို့ကို ကြည့်ရှု သည်။ ယင်းနောက် အမှတ်(၄)အရက်ချက်စက်ရုံ (မော်လမြိုင်)သို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိ မည့်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက် ရာတွင် အသုံးပြုသည့် အထောက်အကူပြု ပစ္စည်းများကို ကျွမ်းကျင်ပိုင် နိုင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်သင်ယူထားရန်လိုကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ ဓာတ်လိုက်မှု၊ ပေါ့ဆမှု၊ မီးလောင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးပေးရန် လိုအပ်သလို ပညာပေးဆွေးနွေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်လိုကြောင်း၊ ထို့အတူ ဘွိုင်လာများကိုလည်း သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် စနစ်တကျ စစ်ဆေး ပေးရန်လိုကြောင်း၊ စက်မှုလုပ်ငန်းများကို စစ်ဆေးသည့်အခါ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အလေးထားစစ်ဆေးပေး ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တက်တက်ကြွကြွ မြန်မြန် ဆန်ဆန် ရလဒ်ကောင်းများရရှိ သည်အထိ ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ဇန်နဝါရီ(၁၇)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းလည်ပတ် အကောင် အထည်ဖော်ဆောင်ရွက် နေမှုကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဒုတိယဝန်ကြီးက မွန်ပြည်နယ်အတွင်းရှိ စက်မှုဝန်ကြီး ဌာန၏ ရာဘာများစိုက်ပျိုး ထုတ်လုပ်နေမှု၊ စက်ရုံများ အခြေအနေ၊ ပြည်နယ်အတွင်းရှိ လူငယ်လူရွယ် များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်  ရေးအတွက် ရာဘာအထူး ပြုစက်မှုသင် တန်းကျောင်းကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ်ရှိ ကျုံကရာဘာခြံသို့ ရောက်ရှိပြီး မြေကွက် လပ်နေရာများတွင် မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် အခြားနှစ်ရှည် ပင်သီးနှံများ စိုက်ပျိုး နိုင်ရေးစီမံဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂၁)အကြီးစား စက်ရုံ (သထုံ)၌ စက်ရုံမှူး နှင့် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရာဘာအထူးပြုဘာသာရပ်များကို သင်ကြားပေးမည့် အမှတ်(၈) စက်မှုသင်တန်းကျောင်း(သထုံ)သို့ ရောက်ရှိပြီး နိုင်ငံနှင့်ပြည်နယ်အတွက် အကျိုးရှိ ထိရောက်သည့် သင်တန်းကျောင်းဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ သမားရိုးကျပညာရေး စနစ်မှသည် လုပ်ငန်းကျွမ်းကျင်မှုအခြေပြုသည့် ပညာရေးနှင့် လေ့ကျင့်ရေးစနစ်ဖြစ်စေရေး ဆောင်ရွက်ရန်၊ နည်းပြ ဆရာ ဆရာမများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဘာသာရပ် အသီးသီးကို ကျွမ်းကျင်တတ်မြောက် အောင်လေ့လာသင်ယူထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment