နေပြည်တော် ဇန်နဝါရီ ၂၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းရှိ ကုန်တင်ယာဉ်ပေါ်မှ တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၂၀၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၀၁၄) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Sanook ထမင်းပေါင်းအိုး ၄၂၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ထို့အတူ ယနေ့တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သာမည-အိန္ဒုကြား
အာရှလမ်းပေါ်တွင် သတင်းအရ ရှောင်တခင်စစ်ဆေးခဲ့ရာ ဒီဇယ်ဆီ ပီပါ ၄၇ ဂါလန် ၅၅ လုံး (ခန့်မှန်းတန်ဖိုး
ငွေကျပ် ၁၀၃၄၀၀၀၀)နှင့် အဆိုပါ ဒီဇယ်ဆီပီပါများ သယ်ဆောင်လာသော ယာဉ်အမှတ်၊ 3I/1949
(Nassan Diesel) ၁၂ ဘီ ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်
၄၀၃၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ
အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကသာမြို့နယ်တွင် ကျွန်းသစ် ၂ ဒသမ ၇၄၄ တန် (ခန့်မှန်းတန်ဖိုး
ငွေကျပ် ၄၁၁၆၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တွင်
ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲငါးမှု စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၄၅၆၁၄
ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment