ပြည် ဇန်နဝါရီ ၁၈
အခမ်းအနားကို
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ
ဘဒ္ဒန္တနာဂဝံသ ပြည်မြို့ဝိသုဒ္ဓါရုံဗာရာဏသီ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ
တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး
အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက်
ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ပဲခူးတိုင်းဒေသကြီး
သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရထံမှ
အနု မောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ ကြသည်။
ထို့နောက်
ပြည်မြို့ ဇောတိကာရုံကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တက ဝိန္ဒက နတ်ဗြဟ္မာများအား
ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား
အောင်မြင်စွာ ပိတ်သိမ်းခဲ့ကာ ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊
အလှူရှင်များက မဟာဆေး ပဋ္ဌာန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
အဆိုပါ
(ပထမအကြိမ်) မဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏
စီမံဆောင်ရွက်မှုဖြင့် ပြည်မြို့နယ်ရှိ ကျောင်းတိုက် ပေါင်း (၃၉)တိုက်ရှိ ရဟန်းသံဃာ(၆၇၂)ပါး၊
သာမဏေ(၅၀၅)ပါးနှင့် သီလရှင်(၅၅၃) ပါး၊ စုစုပေါင်း(၁၇၃၀)ပါး တို့အတွက် စေတနာရှင်အလှူရှင်များ၏
ပေါင်းစုလှူဒါန်း သည့် ငွေကျပ် သိန်း(၁၅၀)ကျော် တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများအား
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီး များကြီးမှူး၍
ဇန်နဝါရီလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ သံဃာတော်အပါး (၃၀)တို့က မဟာပဋ္ဌာန်း အလှည့်ကျရွတ်ဖတ်ပူဇော်ကာ
ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရပြီး ယင်းအခမ်းအနား၌ ရွှေဆံတော်စေတီတော်မြတ်ကြီးအား
ရွှေသင်္ကန်းကပ်လှူရန်အတွက် ရွှေစင်ရွှေပြား (၂)ကျပ်သားစီနှင့် အရံစေတီများ ရွှေသင်္ကန်းကပ်လှူရန်အတွက်
အလှူငွေကျပ်(၁၅)သိန်းစီ လှူဒါန်းသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်
ဂုဏ်ပြုလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်ခရိုင်
ပြန်/ဆက်
No comments:
Post a Comment