Tuesday, January 11, 2022

တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခဲ့ သည့် အကြမ်းဖက်သမားအချို့ ဖမ်းဆီးရမိ

 

 

နေပြည်တော်    ဇန်နဝါရီ   ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထား သည့် လျှပ်စစ်တာဝါတိုင်များအား ဇန်နဝါရီ ၇ ရက်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား အမြန် ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၉ နာရီခန့်တွင် သံခြေတောင်ကျေးရွာ လမ်းဆုံနေရာ၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား သုံးဦးကို လက်လုပ်သေနတ် နှစ်လက်၊ တူမီးသေနတ် တစ်လက်၊ လက်လုပ်မိုင်းတစ်လုံး၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာ တွင် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် နှစ်စီးနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

ဖော်ထုတ်စစ်ဆေးချက်များအရ အဆိုပါ သေဆုံးခဲ့သည့် အကြမ်းဖက်သမားများမှာ ဇန်နဝါရီ ၇ ရက်က ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင် များအား မိုင်းထောင်ဖောက်ခွဲမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment