ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့် ဝယ်ယူထားရှိသည့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးစုစုပေါင်း ၃၁သန်း doses နှင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ မိတ်ဆွေနိုင်ငံများ မှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စုစုပေါင်း ၉၁၆၈၈၀၀ doses ရရှိပြီးဖြစ်၍ ဝယ်ယူမှုနှင့် လှူဒါန်းမှုတို့မှ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄၀၁၆၈၈၀၀ doses ရောက်ရှိပြီးဖြစ်သည်။
လက်ခံရယူ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့
Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးသုံးသန်း doses လှူဒါန်းထားသည့်အနက်
တတိယအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်သန်း dosesနှင့် ဆေးထိုးအပ်
၁ ဒသမ ၅ သန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၄နာရီ ခွဲတွင် ထပ်မံရောက်ရှိလာခဲ့ရာ
ရန်ကုန်တိုင်းဒေသကြီး ကုသရေး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။
သို့ဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
မြန်မာ နိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
သုံးသန်း doses သည် သုံးသုတ်ခွဲ၍ ယနေ့တွင် အပြည့်အစုံ ရောက်ရှိ ပြီးဖြစ်သည်။
ထိုးနှံပေးလျက်ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရေရောဂါကာကွယ်ဆေး
ကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိရာ နိုဝင်ဘာ ၂၀ ရက်အထိ လူဦးရေစုစုပေါင်း
၁၅ ဒသမ ၃ သန်းအားထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၀
ဒသမ ၄ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၉ သန်းရှိပြီ ဖြစ်သည်။
သို့အတွက် နိုဝင်ဘာ ၂၀ ရက်အထိ မြန်မာနိုင်ငံ
တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၈ သန်း ထိုးနှံပြီးဖြစ်သည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာတွင်
ကာကွယ်ဆေးထိုးစီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် (VMIS) တွင် အချက်အလက်များကို စနစ်တကျ
ထည့်သွင်းထားရှိ၍ QR code ပါရှိသည့် ကာကွယ် ဆေးထိုးနှံပြီး ကြောင်း အသိအမှတ်ပြုကတ်ပြားများ
ကိုလည်း ထုတ်ပေးလျက်ရှိသည်။
အထောက်အထားအဖြစ်ပြသ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများ
အနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားလာရာတွင် ဖြေလျှော့ပေးမှုများအလိုက် လွယ်ကူအဆင်ပြေစွာ
သွားလာနိုင်ရေးအတွက် အဆိုပါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အသိအမှတ်ပြု ကတ်ပြားများကို
အထောက်အထားအဖြစ် ပြသနိုင် မည်ဖြစ်သည်။
အသိပေးနှိုးဆော် မိဘပြည်သူများအနေဖြင့်
မိမိအတွက် ရရှိလာ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို
သတ်မှတ် ရက်တွင်(သို့မဟုတ်) အနီးဆုံးသတ်မှတ် ကာလအတွင်း တွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့
သွား ရောက်၍ ထိုးနှံမှုခံယူခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများတွင်
တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် မိမိကိုယ်တိုင် တွင်လည်းကောင်း၊ မိသားစုဝင်များ၊
မိတ်ဆွေများတွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက
ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ် ပြည့်ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော်ပေးကြပါရန်
ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုး ဆော်ထားသည်။
သတင်းစဉ်
No comments:
Post a Comment