Friday, November 26, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ Microsoft Office (Excel) ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 နေပြည်တော် နိုဝင်ဘာ၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Microsoft Office (Excel) ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်   နာရီခွဲတွင် နေပြည်တော်ရှိ  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်း ကျောင်း၌   ကိုဗစ်-၁၉  ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ယခု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်သည် ဝန်ထမ်းများအသိပညာ ၊ အတက်ပညာ တိုးပွားစေရန်အတွက် အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သို့မှသာ ဝန်ကြီးဌာနအတွက် အထောက်အကူပြုနိုင်မည့် ဝန်ထမ်း ကောင်းများ ပေါ်ပေါက် လာနိုင်မှာ ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ အသိပညာ၊ အတက်ပညာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသား တို့အပေါ် သစ္စာစောင့်သိသူများကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတစ်ဦးချင်းတစ်ယောက်ချင်း၊ အဖွဲ့အစည်းများအလိုက် လူ့စွမ်းအား အရင်းအမြစ် ( Human Resources Development- HRD )သည် အခြေခံအကျဆုံးနှင့် အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်လျက်ရှိနေသည်ကို တက်ရောက် လာကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်းများနှင့် သင်တန်းသူ ၊ သင်တန်းသား အားလုံးလည်း သိရှိလိမ့်မည်ဖြစ်ပါကြောင်း။

ဝန်ထမ်း များအနေနှင့်လည်း Microsoft Office (Excel) ကွန်ပျူတာ  ကျွမ်းကျင်မှုသင်တန်း တွင် သင်ကြား ပေးလိုက်သည့် ဘာသာရပ်များကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး ဆက်လက် ကြိုးစားလေ့လာ ဆည်းပူး သွားကြရန်နှင့် မိမိတို့၏ ရှိပြီးသားအရည်အသွေးများအား ပိုမိုတိုးတက်စေရန် ရုံးလုပ်ငန်း တာဝန်များကို ( IT ) နည်းပညာများ အသုံးပြု၍ ထိရောက်မြန်ဆန်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြ ရန် လိုပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း ပေးအပ်လာသည့် တာဝန်နှင့် ဝတ္တရားများကို အရည်အသွေးပြည့်ပြည့်ဝဝဖြင့် ထမ်းဆောင်သွားနိုင်ရန် ၊ မိမိတို့ တတ်သိ ထားသည့် ( IT ) နည်းပညာရပ်များအား လက်ဆင့်ကမ်း သယ်ဆောင်သွားကြရန်နှင့်  နိုင်ငံတော် နှင့် ဝန်ကြီးဌာနအတွက်  အားကိုးအားထားပြုနိုင်သည့် သီလ ၊ သမာဓိ ၊ ပညာနှင့် ပြည့်စုံ သော ဝန်ထမ်းကောင်းများဖြစ်ရေး ဝိုင်းဝန်းကြိုးစားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့သည့် သင်တန်းသား များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က  သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့်သင် တန်းသားများကို သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်သည်။ ယင်းနောက် ဆုရရှိသည့်သင်တန်း သားများက သင်ကြားပေးလိုက်သည့် Microsoft Office( Excel ) ကွန်ပျူတာဘာသာရပ်နှင့်ပက်သက်၍ Power Point Presentation  ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိ ရသည်။

 (သတင်းစဉ်)

No comments:

Post a Comment