Monday, November 29, 2021

အကြမ်းဖက်သများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအသုံးပြု၍ အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော် နိုဝင်ဘာ ၂၈

 အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရ ရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦ များ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရား မဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ (၃)ရပ်ကွက်ရှိ ညောင်ပင်အိုင် အခြေခံပညာ အထက်တန်းကျောင်းခွဲရှေ့၌ အကြမ်းဖက် သူများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်း အနီး၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် (၁၄) ရပ်ကွက် မဂ္ဂင်လမ်းပေါ်ရှိ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းအနီး၌ လည်းကောင်း၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် (၁)ရပ်ကွက် သစ္စာလမ်းနှင့် ရန်ကင်း လမ်းထောင့် သစ္စာလမ်းပေါ်၌လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် (၁)ရပ်ကွက် ရန်ကင်းလမ်း စာတိုက် မှတ်တိုင်နှင့် ပေ ၄၀ ခန့်အကွာ ရှိပလက်ဖောင်းဘေး၌လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာများ၌ အကြမ်းဖက်သူများ ထောင်ထားသည့် ကြေးဘုရား ပန်းအိုးဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံးစီ ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုများကြောင့် လူနှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

သက်မဲ့ပြုလုပ်သိမ်းဆည်း

ထို့အတူ နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်တံခွန်ရပ်ကွက် ပေါက်-ပခုက္ကူ ကားလမ်း ဟောင်းဘေးရှိ မြို့နယ်ပညာရေးမှူးရုံး ဝင်ပေါက် တံခါးမကြီးအနီး၌ ကျောပိုးအိတ်တစ်လုံးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောပိုးအိတ် အတွင်း၌ PVC ပိုက်ဖြင့်ပြုလုပ် ထားပြီး နာရီဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်ချိန်ကိုက် မိုင်းတစ်လုံးဖြစ်ကြောင်း တွေ့ရှိရသဖြင့် သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား

No comments:

Post a Comment