ရန်ကုန်
နိုဝင်ဘာ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်း တိုက် ဆရာတော်
အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာ ရာဘိဝံသ အမှူးပြုသည့်
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများ။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်
သာသနာရေးမှူး များနှင့်တာဝန်ရှိသူများ တက် ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာရာ
ဘိဝံသ ကသဘာပတိအဖြစ် ဆောင်ရွက် ပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသီလာစာရာ
ဘိဝံသ အခမ်းအနားမှူးအဖြစ် ဆောင် ရွက်သည်။
ရှေးဦးစွာ
နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသက အစည်းအဝေးဖွင့်
သာရ ဏီယ သြဝါဒကထာကို မြွက်ကြား သည်။
(နိုင်ငံတော်သံဃမဟာနာယ
ကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏ သာရဏီယ သြဝါဒကထာကို စာမျက်နှာ ၁၀တွင် ဖော်ပြထားပါ သည်။)
ထို့နောက်
ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများ
လျှောက်ထားသည်။ ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (တတိယအဖွဲ့ခွဲ)
၏ တတိယ အကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက်အစီရင် ခံစာအကျဉ်းကို တာဝန်ကျ အဖွဲ့
ခွဲ၏ကိုယ်စားအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တသီဟ နာဒက တင်သွင်းလျှောက်ထားသည်။
ထို့နောက်
အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ဒုတိယ အကြိမ် တာဝန်ကျရာကာလ
အတွင်း ဆောင်ရွက်ချက်အစီရင် ခံစာအကျဉ်းကို ပထမအဖွဲ့ ခွဲ ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရာ ဘိဝံသ (အဂ္ဂ မဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိက
ဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)က တင်သွင်းလျှောက်ထားသည်။
ယင်းနောက်
အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ တတိယ အကြိမ် တာဝန်ကျရာကာလ
အတွင်း ဆောင်ရွက်ချက်အစီရင် ခံစာအကျဉ်းကို ဒုတိယ အဖွဲ့ခွဲ ကိုယ်စား တွဲဖက်အကျိုးတော်
ဆောင် ဆရာတော် ဘဒ္ဒန္တ စန္ဒ နသာရ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ)က တင်သွင်းလျှောက် ထားသည်။
ထို့နောက်
အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (တတိယအဖွဲ့ခွဲ)၏တတိယ အကြိမ် တာဝန်ကျရာကာလ
အတွင်း ဆောင်ရွက်ချက်အစီရင် ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာ တော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားကြသည်။
ယင်းနောက်
ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ သာသနာ့ရေးရာ ကိစ္စ
များ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားရာတာဝန်ကျ
တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့
အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက အတွင်း ဆောင်ရွက်ချက်အစီရင်
ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာ တော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက် ထားကြသည်။
ယင်းနောက်
ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ သာသနာ့ရေးရာ ကိစ္စ
များ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြလျှောက်
ထားရာတာဝန်ကျ အဖွဲ့ခွဲဆရာတော်များက ဆွေးနွေး တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင်
ရပ်နားသည်။ ယနေ့ အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား
အလှူ ရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစု နှင့် ဓမ္မမိတ်ဆွေများက
နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်
ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် သာသနာရေးနှင့်ယဉ်ကျေးမှု
ဝန်ကြီးဌာန(ရုံးခွဲ) ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ သာသနာ ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ
ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများ၊
၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး(ခွဲ) သာသနာရေးမှူးများနှင့် တွေ့ဆုံ သည်။
ညနေပိုင်းတွင်
ပြည်ထောင်စု ဝန်ကြီးသည် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဂေါပကအဖွဲ့ရုံး အစည်းအဝေး
ခန်းမ၌ တွေ့ဆုံပြီးလေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးအား အများပြည်သူစနစ်တကျ ဖူးမြော် ကြည်ညို၊ နိုင်ရေး မှာကြားခဲ့
ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment