သတ္တဝါတို့သည် ပင်ကိုအသိဉာဏ်ဖြင့် အသက်ရှင်သန်ရပ်တည်နေကြသည်။ လူတို့သည် သင်ယူလေ့လာမှု အသိဉာဏ် (ပညာ) ဖြင့် ဘ၀တိုးတက်ရေးကို ဆောင်ရွက်နေကြသည်။ မွေးကင်းစလူဖြစ်လာသည့်အရွယ်မှစ၍ ပတ်ဝန်းကျင်ကို လေ့လာ၍သင်ယူတတ်မြောက်လာကြသည်။ အရွယ်ရောက်စအချိန်တွင် အသက်အရွယ် အလိုက် အသိပညာတိုးပွားစေမည့်ပညာတို့ကို လေ့လာသင်ယူကြရသည်။ လူလားမြောက်သောအရွယ် တွင် အသိပညာ၊ အတတ်ပညာ၊ တီထွင်ကြံဆ၊ ဆင်ခြင် တုံတရားများ မြင့်မားလာအောင် ကြိုးပမ်းအား ထုတ်ကြရသည်။ ပြီးလျှင် မိမိအကျိုး၊ တိုင်းပြည်အကျိုး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြသည်။
ဤသည်မှာ လူတို့ဘဝအဆင့်ဆင့် တိုးတက်မြင့်မားလာအောင်
ကြိုးပမ်း ဆောင်ရွက်ရသည့် အားလုံးအနာဂတ် အတွက် ဦးတည်ဆောင်ရွက်ချက်ဖြစ်သည်။ လူဖြစ်လာလျှင်
မလွဲမသွေလုပ်ဆောင်ရမည့် ဘ၀တိုးတက်ရေး လုပ်ငန်းစဉ်ဖြစ်သည်။ လူဖြစ်လာလျှင် ဘဝတိုးတက်ရေးအတွက်
လူတိုင်းလူတိုင်း ပညာသင်ကြားကြရသည်။ လူတိုင်းစာတတ်ရေး၊ ပညာတတ်ရေးကို နိုင်ငံအားလုံး
အစိုးရတို့က တာဝန်ယူဆောင်ရွက်ပေးကြသည်။ ပညာသင် ကြားခြင်းသည် ကလေးသူငယ်။ လူငယ်အားလုံးအတွက်
အခွင့်အရေးတစ်ခုဖြစ်သလို တာဝန်လည်းဖြစ်သည်။ လူသားအားလုံး ပညာတတ်မြောက်ရေးအတွက် ကုလသမဂ္ဂက
ချမှတ်ထားသည့် ကလေးသူငယ်များ အခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်ကို ဦးစား
ပေးထည့်သွင်းထားသည်။
ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် လူသားအားလုံးအတွက်
ရေခံမြေခံဘူမိနက်သန်နေရာ မှန်ဖြစ် သည်။ အားလုံးအတွက် ပညာအမွေသန္ဓေတည်ရာ ဖြစ်သည်။ ပညာသည်
ဘဝမြင့်မားရေးအတွက်သာမက တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်ထင်ဟပ်စေသည့် အခြေခံအုတ်မြစ်ဖြစ်သည်။
ထို့ကြောင့် ပညာသင်ကြားရေး တွင် စာသင်ကျောင်းသည် စာပေသင်ကြားပေးသည့်နေရာသက်သက်သာမဟုတ်ဘဲ
ပညာရေး၏အနှစ်သာ ရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊
အမှားအမှန်ခွဲခြား သုံး သပ်နိုင်စွမ်းနှင့် နိုင်ငံသား ကျင့်ဝတ်၊ လူမှုရေးကျင့်ဝတ်များကို
သင်ကြားပေးသည့်နေရာမျိုးဖြစ်ရန် လိုအပ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားသည်။
မြန်မာနိုင်ငံပညာရေးသမိုင်းတွင် အခြေခံပညာကျောင်းများ၌
အသိပညာဗဟု သုတတိုးတက်ရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ကျန်းမာကြံ့ခိုင်ရေးတို့ကိုပါ ပေါင်းစပ်ပျိုးထောင်ပေးခဲ့သည်။
ထိုစဉ်က တိုင်းပြည်၏ မူဝါဒအရ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့သော်လည်း လူတို့၏ဘဝများနှင့်
လူမှုပတ်ဝန်းကျင်အများစုမှာမူ သင့်တင့်လျောက် ပတ်သည့် တည်ငြိမ်အေးချမ်းသာယာမှုနှင့်
ကိုယ်စိတ်နှလုံးချမ်းမြေ့ မှုများ ရှိခဲ့ကြပါသည်။ ခေတ်စနစ်အရ တိုးတက်ပြောင်းလဲမှုများ
ရှိသည်မှန်သော် လည်း အသိဉာဏ်ပညာဆင်ခြင် တုံတရားရှိသည့်ပညာသည် အဓိကကျပါသည်။ သို့မှသာ
မိမိကိုယ်မိမိအကျိုးပြုနိုင်သည့်၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည်။ မိမိနိုင်ငံ
တော်ကို အကျိုးပြုနိုင်သည့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန်ကြသည့် လူကောင်းလူတော်
နိုင်ငံ့သားကောင်း များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်အတွက်
တန်ဖိုးကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ တန်ဖိုးကြီး သည့် အရင်းအနှီးကို အချိန်ကာလရင်းနှီးမြှုပ်နှံ
မှုများဖြင့် တည်ဆောက်ကြရသည်။ ယင်းကို ကုလသမဂ္ဂအပါ အဝင် နိုင်ငံများ အားလုံးသာမက ကမ္ဘာ့ပြည်သူအားလုံးကပါ
သိရှိနားလည်ထားကြသည်။ ကုလ သမဂ္ဂအဖွဲ့အစည်း များက ကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးကို
ဦးစားပေးကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ထိုအခြေအနေတွင် နိုင်ငံအတွက် ရှက်စရာကောင်းသောအလုပ်ကို
အကြမ်းဖက်အဖွဲ့များက လုပ်ကိုင်ခဲ့ကြသည် ကိုတွေ့ရသည်။ အကြမ်းဖက်အဖျက်သမားများက စာသင်ကျောင်းများ
မဖွင့်လှစ်နိုင်ရန်နှင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ
ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံ၏အနာဂတ်၊ မျိုးဆက်သစ်လူငယ်လူရွယ်များ၏
အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံထားသည့် အရင်းအမြစ် များကို ဖျက်ဆီးခဲ့ကြသည်။ ကမ္ဘာပေါ်တွင်
မည်သည့်နိုင်ငံမျှ မပြုလုပ်သည့် စာသင်ကျောင်းအမြောက်အမြားကို ဖျက်ဆီးခဲ့ ကြသည်။ ပညာသင်ကြားပေးသော
ဆရာ ဆရာမများကို သတ်ဖြတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်းကို
အကြမ်းဖက်အဖျက်သမား များက မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီး ခဲ့ကြသည်။ အဆိုပါအဖြစ်အပျက်များမှာ
မမှန်သတင်းများမဟုတ်ဘဲ ပျက်စီးခဲ့သည့်စာသင်ကျောင်း များကို သွားရောက် ကြည့်ရှုလျှင်
လက်တွေ့သိမြင်နိုင်သည်။ ထိုအဖြစ်အပျက်များကို ကုလသမဂ္ဂ အနေဖြင့်လည်း သိရှိလိမ့် မည်ဟု
မျှော်လင့်သည်။ ပညာမသင်ကြားနိုင်ရေးကို ပြုလုပ်ခြင်းသည် ကုလသမဂ္ဂ၏ကလေး သူငယ်အခွင့်အရေးများကို
ချိုးဖောက် ဖျက်ဆီးခြင်းပင်ဖြစ်သည်။ - မည်သို့ပင် အဖျက်လုပ်ရပ်များကို ဆောင်ရွက်သည်ဖြစ်စေ၊
မည်သို့ပင် စာသင် ကျောင်းများကို ဖျက်ဆီးနေသည်ကို မျက်ကွယ်ပြုသည်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့် ရအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
အားလုံး၏အန၁ဂတ်မပျောက် ပျက်အောင် အစွမ်းကုန်ဦး တည်ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
။
(ကြေးမုံ အယ်ဒီတာ့အာဘော်)
No comments:
Post a Comment