ကနောင်
ဆောင်းဦးကာလ အရှေ့မိုးကုတ်စက်ဝိုင်းထက်ဝယ် ရောင်နီတို့ ထွန်းစပြုလာသည်။ အရုဏ်ဦးသည် တည်ငြိမ်အေးချမ်းပြီး မျှော်လင့်ချက်အသစ်တို့ဖြင့် တလက်လက်တောက်ပလျက်ရှိသည်။ မိမိတို့နိုင်ငံ ၏ ရောင်နီဦးကား စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်နိုင် သော ဒီမိုကရေစီ ပန်းတိုင်ပင်ဖြစ်သည်။ မည်မျှမှောင်မိုက်သည့် လမိုက်ညပင်ဖြစ် လိမ့်ဦးတော့ ရောင်နီဖာ လျှင် လင်းရပေမည်။
မဲမသမာမှု၏ နောက်ဆက်တွဲအကျိုးဆက် ပြည်တွင်းဆန္ဒပြပွဲများမှသည်
အကြမ်းဖက် လူသတ်ကြ သည် အထိပြောင်းလဲလာသည့် နိုင်ငံရေး မသမာမှုများကို အစိုးရနှင့်အတူ
ပြည်သူတို့က အဆွယ် အပွားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိပြီး မီးကြွင်းမီးကျန်များကို
ဆက်လက် ဖော်ထုတ် ရှင်းလင်းနေရဆဲဖြစ်သည်။ ပြည်သူနှင့် အစိုးရသည် ကမ္ဘာ့ကပ်ရောဂါကို အတူတကွ
ကာကွယ်တား ဆီးခဲ့ကြခြင်း၏ သက်သေအဖြစ် တတိယလှိုင်း အားပျော့သွားခဲ့ပြီဖြစ်သည်။ နိုင်ငံတကာ
ဖိအားများ၊ စိန်ခေါ်မှုများအကြားက ပြည်သူများ၏ လူမှုစီးပွားဘဝများကို ရှိသမျှ ခွန်အားများ
စိုက်ထုတ်ကာ အစိုးရက ဖော်ဆောင် သည်၊ ပြည်သူက ပူးပေါင်းပါဝင်သည်။
အောက်တိုဘာလသည်နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီတာဝန်ယူခဲ့သည်မှာ (၉)လ ပြည့် မြောက်သည့် လဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များစွာအနက်မှ
အချို့ကို ကောက်နုတ်၍ တစ်စုတစ်စည်း ဖတ်ရှုနိုင်စေရန် တင်ပြရလျှင် -
နိုင်ငံနှင့်ပြည်သူအတွက် မနေမနားဆောင်ရွက်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အောက်တိုဘာလ ၁ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုး မွေးမြူရေး၊ သစ်တောပြုန်းတီးမှု မရှိစေရေး၊ အင်းလေးကန်၏ ရေသယံဇာတများ တိမ်ကောမှု မရှိစေရေး၊ ပညာရေး နှင့်လူသားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်ရန် အစီအမံများ ချထားရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။ အောက်တိုဘာလ ၂ ရက်တွင် တောင်ကြီးမြို့ရှိ ရှမ်းရိုးမမွေးမြူရေးဇုန်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ဒေသနှင့် ကိုက်ညီမည့်လုပ်ငန်းများ အဖြစ် ဖော်ဆောင်ရေးတို့ကို လမ်းညွှန်မှာကြား ခဲ့ သည်။ ထို့အတူ တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ် (၁ အကြီးစား စက်မှုလုပ်ငန်းနှင့် အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)သို့ အစိုးရအဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းခြင်းများ ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ ရသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ
အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံ၍ တပ်မတော်သားများ၏ အဓိကတာဝန်၊ တပ်မတော်၏
အစဉ်အလာကောင်းများကို ထိန်းသိမ်းကြ ရမည့် လုပ်ငန်းများ၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး
အခြေ အနေများ စသည်တို့ကို ရှင်းလင်းပြောကြား ခဲ့ပြီး တပ်မိသားစုများထံ စားသောက်ဖွယ်ရာများ
ပေးအပ် ထောက်ပံ့သည်။ ခရီးစဉ်အတွင်း တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်
ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိအား လှူဖွယ် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓစာပေဆိုင်ရာ
များကို ကြည့်ရှုလေ့လာခြင်းနှင့် ဗုဒ္ဓတက္ကသိုလ်ရှေ့ တွင် အမှတ်တရသစ်ပင်စိုက်ပျိုးခြင်းများ
ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ
တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲ စိတ်ကုသဆောင်ကို အောက်တို
ဘာလ၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အကျိုး
ကျေးဇူးအဖြစ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်း တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်
သားများနှင့် မိသားစုဝင်များ၊ ဒေသခံပြည် သူများ အတွက် ကင်ဆာရောဂါကုသမှုတွင် အရေးပါသည့်
ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာခွဲ စိတ်ကုသမှု
များကို အဆင့်မြင့်စွာ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ ရှမ်းပြည်နယ်ခရီးစဉ်
အတွင်း ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြ အရာရှိကြီးများနှင့်သင် တန်းသားအရာရှိကြီးများကို
ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံခဲ့ပြီး တပ်ရင်းမှူး တစ်ဦး၏ တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး
အလေ့အကျင့်ကောင်းများနှင့်အတူ ခေါင်းဆောင် ကောင်းများ အဖြစ် တာဝန်ထမ်းရွက်နိုင်စေရေး
အလေးထားမှာကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ကလောမြို့နှင့်
အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ တာဝန် ရှိသူများ၊ လုပ်ငန်းရှင်များနှင့်
တွေ့ဆုံခြင်းကို အောက်တိုဘာလ ၃ ရက်က ပြုလုပ်ခဲ့သည်။ ယင်းဒေသများအတွင်း လမ်းပန်းဆက်သွယ်ရေး၊
ခရီးသွားလာမှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရေး၊ ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး၊ ဒေသထွက် ကုန်များအား နိုင်ငံတကာဈေးကွက် အထိ တိုးချဲ့
တင်ပို့နိုင်ရေးစသည့် ကဏ္ဍအသီးသီး တို့အတွက် ဆွေးနွေးညှိနှိုင်းပေးခဲ့သည်ကို မြင်တွေ့ ရမည်ဖြစ်ပြီး
အကျိုးရလဒ်ကောင်းများအဖြစ် ကလောမြို့ကို အခြေပြု၍ ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထား ခရီးစဉ်ကဲ့သို့သော
ပြည်တွင်း ခရီးသွား မြှင့်တင်ရေး အစီအစဉ်များလည်း မကြာမီမြင်တွေ့ ရတော့မည်။
ပထမဆုံးသော မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့
ဖွဲ့စည်း
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်း ရေပြင်မှ
သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ
တာဝန်ခံစီမံကွပ်ကဲ ဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုး စီးပွားများအားကာကွယ်စောင့်ရှောက်ရန်၊
ပင်လယ် ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများ
နှိမ်နင်းရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံတကာ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး
တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန်စသည့် ရည်ရွယ်ချက်များဖြင့်
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း နှင့် တပ်တော်ဝင်အခမ်းအနားကို အောက်တိုဘာလ
၆ ရက်က ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ ( တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့်
တွေ့ဆုံ၍ ယနေ့သည် မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင် သည့်နေ့ဖြစ်ပြီး
မိမိ တို့နိုင်ငံနှင့် တပ်မတော်အတွက် သမိုင်းဝင်
မော်ကွန်းတင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ မိမိတို့ပင်လယ်ပြင်သည် ဒေသတွင်း မဟာဗျူဟာ ကျစွာ တည်ရှိနေသည့်အတွက် နိုင်ငံတော်၏အကျိုး စီးပွားဖော်ဆောင်ရန်
အခွင့်အလမ်းနယ် မြေတစ်ခု လည်းဖြစ်ကြောင်း၊
ပင်လယ်ပြင် တရားဥပဒေစိုးမိုး ရေးကဏ္ဍ (Constabulary Role)၊ လူသားချင်းစာနာ မှု အကူအညီပေးရေးကဏ္ဍ
(Benign Role)များကို ကမ်းခြေစောင့်တပ်ဖွဲ့က
အဓိကထား ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေး ဇုန်
အကောင်အထည်ဖော်မှု လုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ပြီး
လုပ်ငန်း ရှင်များနှင့် တွေ့ဆုံ၍ သုတေသနလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်၊ ရေရှည်တည်တံ့ ၍ စနစ်ကျနသည့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာရန်နှင့်
ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန်အတွက်
ထည့်သွင်းစဉ်းစား ဆောင် ရွက်ကြရန် မှာကြားခဲ့သည်။
ပထမဆုံး မြေအောက်လမ်းကူး လူသွားဥမင်
မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက် လမ်းကူးလူသွားဥမင်ကို
အောက်တိုဘာလ ၇ ရက် က နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်မြို့အတွင်း လူဦးရေ တိုးပွားလာမှု၊ ပို့ဆောင်ဆက်သွယ်ရေးယာဉ်များ များပြားလာမှုတို့ကြောင့်
လမ်းဧရိယာကိုတိုးချဲ့ရန် မဖြစ်နိုင်သည့်အခြေအနေ တွင် နှစ်ထပ်လမ်း ကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်းများကို
မဖြစ်မနေဆောင်ရွက်ကြရ မည်ဖြစ် သဖြင့် ယခုကဲ့သို့ မြေအောက်ဥမင်ဖွင့်လှစ်နိုင်ခဲ့ခြင်းသည်
ဂုဏ်ယူ ဖွယ်ရာတစ်ရပ်ပင်ဖြစ်သည်။ မြို့တော် အင်္ဂါရပ်နှင့် အညီ တည်ဆောက်ထားခြင်းဖြစ်ပြီး
တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွား လာနိုင်မည့် ခေတ်မီလူသွားဥမင်သည် အရှည်
၄၂၇ ပေ ရှည် လျားပြီး ဝင်ပေါက်လေးခု၊ ရွေ့လျားစက်လှေကား၊ ဓာတ်လှေကားများ တပ်ဆင်ထားကာ
ဈေးဆိုင် ခန်း ၁၈ ခန်းပါဝင်ကြောင်း သိရှိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက်တိုဘာလ
၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်
တွေ့ဆုံ၍ မြို့တော်သန့်ရှင်းသာယာလှပရေး၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး၊
အမှိုက် စနစ်တကျစွန့်ပစ်ရေး၊ အခွန်ထမ်းဆောင် ခြင်းနှင့် သမဝါယမစနစ်များ အားကောင်း လာစေ
ရေး၊ သောက်သုံးရေဖူလုံမှုရှိစေရေး စသည့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ညှိနှိုင်းခဲ့သည်။ ထို့နောက် အင်းစိန်မြို့နယ်ရှိသဲကွန်ကရစ်တုံး ထုတ်လုပ်သည့်စက်ရုံ၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ
အောင်ဆန်းအားကစားပြိုင်ဝင်း၊ တာမွေမြို့နယ် ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံနှင့် ကျိုက္ကဆံကွင်း
(အားကစားနှင့် ကာယပညာသိပ္ပံ) တို့ကို သွားရောက်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များနှင့်
လိုအပ်ချက်များကို ညှိနှိုင်းအဖြေရှာပေးခဲ့ သည်။
ကာကွယ်ဆေးများထုတ်လုပ်နိုင်ရန်ကြိုးပမ်း
နိုင်ငံတော်တည်ဆောက်ရာတွင် သံနှင့်သံမဏိ
ထုတ်ကုန်များသည် မရှိမဖြစ်လိုအပ်ပြီး နိုင်ငံ၌ ကုန်ကြမ်းများ ရှိသော်လည်း ပြည်တွင်း၌
လုံလောက်အောင် မထုတ်လုပ်နိုင်သဖြင့် ပြည်ပမှ တင်သွင်းနေရခြင်း ကို လျှော့ချနိုင်ရန်အတွက်
ပြည်တွင်းလုပ်ငန်းရှင်များ ဆောင်ရွက်မှုများကို အားပေးကူညီပေးမည်ဖြစ်ကြောင်း နိုင်ငံတော်
ဝန်ကြီးချုပ်သည် အောက်တိုဘာလ ၈ ရက်က အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)၌ တာဝန်ရှိသူများနှင့်
တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက်တို
ဘာလ ၈ ရက်က စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ
(ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးစက်ရုံသို့ ရောက်ရှိ၍ အဆင့်မြင့် တည်ဆောက်ပေးနိုင်ရေး၊
လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး စသည့်အစီအမံများ ကို ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။
ငွေကြေးနှင့် ဘဏ်စနစ်ခိုင်မာရေး ကြိုးပမ်းလျက်ရှိ
နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက်တိုဘာလ
၁၅ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အစည်းအဝေး (၁၆/၂၀၂၁) သို့
တက်ရောက်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ တွန်းအား ပေးဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်း
ရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ
ဈေးကွက်ရှာ ဖွေရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကြံဆဆောင်ရွက် ကြစေရေး စသည်ဖြင့်
တိုက်တွန်းပြောကြားခဲ့ သည့်အပြင် အောက်တိုဘာလ ၂၅ ရက်က ကျင်းပ သည့် ပြည်ထောင်စုအစိုးရအဖွဲ့
အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး စေရန်
အတွက် အစီအမံများ၊ ကုန်ထုတ်လုပ်မှု၊ ကျေးလက် ဖွံ့ဖြိုးမှုတို့အတွက် အစီအမံများနှင့်
စီးပွားရေးခိုင်မာ စေရေးအတွက် ငွေကြေးတန်ဖိုး နှင့်ဘဏ်စနစ်တို့ကို တည်ငြိမ်စေရန် အစီအမံများ
စသည်တို့ကို ထည့်သွင်းအလေးပေး ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တည်ထားပူဇော်
နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ရတနာပလ္လင်အပိုင်း(၁) တည်ထား ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို
အောက်တိုဘာ လ၂၃ ရက်က ကျင်းပခဲ့ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အလှူရှင်များ၊ တာဝန်ရှိသူများ
တက်ရောက်၍ တပ်ဆင်ပူဇော်ခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်
( ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့ ( အား အောက်တိုဘာလ ၂၇ ရက်က လက်ခံတွေ့ဆုံ
ခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင် ရာများ၊
ခရီးသွားလုပ်ငန်း၊ ၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ
ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ကြရန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက်တိုဘာလ
၂၈ ရက်က ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊
ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ် မြောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာသော်လည်း ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေသေးကြောင်း၊ အခြေခံစည်းကမ်းများမှစတင်၍ လိုက်နာကြ ရန် ( လိုအပ်ပြီး
ရောဂါကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ရပ်/ကျေးအဆင့်များမှစ၍
ထူးခြားမှုရှိက သတင်း ပေးပို့ရန်လိုအပ်ကြောင်း၊
ကာကွယ် ဆေး ထိုးနှံပေးမှု တွင် EAO နယ်မြေများ၊
နယ်စပ် ဒေသများ၊ တိုင်းရင်း သားဒေသများ အားလုံး အကွက်စေ့စွာ ထိုးနှံပေးနိုင် ရန်နှင့်
အသိပညာ ပေးခြင်းများကို ထိရောက်စွာ လုပ်ကိုင်ရန် လိုအပ်ကြောင်း ထည့်သွင်းမှာကြားခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၉ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral Madimir Lvovich kasatonov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ လက်ခံ တွေ့ဆုံသည်။ ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ ရုရှားစစ်ရေယာဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်တေးသီချင်းဖြင့် ဂုဏ်ပြုကြိုဆို အလေးပြု ခြင်းကိုခံယူခြင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယ ရေတပ် ဦးစီးချုပ် ဦးဆောင်သည့် အဖွဲ့ဝင် များအား နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား ကဏ္ဍပေါင်းစုံ တွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ် ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ယုံကြည်မှုများကို ပိုမိုခိုင်မြဲစေနိုင်သည့်အတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် စေလွှတ်ပေးနိုင်မည့် အခြေအနေနှင့် ရေကြောင်း လုံခြုံမှုဆိုင်ရာ နည်းပညာနှင့် သတင်းအချက် အလက် များ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment