Friday, November 26, 2021

ရေးမြို့နယ်၌ ဘဏ္ဍာငွေများ တင်ဆောင်လာသည့် မော်တော်ယာဉ်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 နေပြည်တော် နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဘဏ္ဍာငွေများ တင်ဆောင်လာသည့် မော်တော်ယာဉ်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါပြီး မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)မှ ရေးမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပို့ဆောင်မည့် ဘဏ္ဍာငွေများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၂ စီးသည် မော်လမြိုင်မြို့မှ ရေးမြို့သို့ မော်လမြိုင်-ရေး ကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ညနေ ၃ နာရီ ၅၅ မိနစ်အချိန် ကနင်ကမော့ ကျေးရွာအနီးအရောက် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့ ပူးပေါင်းအဖွဲ့မှ လမ်း၏ဝဲဘက် တောင်ကုန်းပေါ်နေ၍ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဘဏ္ဍာငွေများ သယ်ဆောင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အဆိုပါ အကြမ်းဖက် အဖွဲ့များမှာ ကနင်ကမော့ ကျေးရွာနှင့် နှစ်ကရင်ကျေးရွာများဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ထိုကဲ့သို့ ဘဏ္ဍာငွေများ သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား အကြမ်းဖက်အဖွဲ့များက လုယက်ရန်အတွက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ယာဉ်မောင်း အမျိုးသား တစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယဉ်တစ်စီး၏ လေကာမှန် ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါငွေသယ်ယာဉ်များသည် ဆက်လက်ထွက်ခွာလာခဲ့ရာ ရေးမြို့သို့ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment