နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ
ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေး အတိုင်း နေရာချထားပေး သည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်
နိုင်ငံခြား ရေးမူဝါဒအပေါ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို
တိကျစွာ လိုက်နာကျင့်သုံးခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံသည် အာဆီယံပဋိဉာဉ်၊ အာဆီယံစိတ်ဓာတ်၊
အာဆီယံနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့မှု၊ ၂၀၁၄ ခုနှစ်၊ အာဆီယံအလှည့်
ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်း
(APSC) ၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း (AFCC) နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC)
ထူထောင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အောင်မြင်စွာပူးပေါင်း ဆောင်ရွက်နိုင်ခဲ့မှု၊
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက် ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာ
ကိစ္စများနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများက ဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏
ပဋိဉာဉ်စာတမ်းနှင့် အခြေခံ မူများတွင် ပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် အာဆီယံ၏ရည်ရွယ်ချက် တို့နှင့်လည်း
ဆန့်ကျင် နေသည့်အတွက် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုများ၊
မြန်မာနိုင်ငံ၏ တည်နေရာအနေအထားအရ အရေးပါမှုနှင့် ယင်းအရေးပါမှုများကို အရာရောက်စေရေးအတွက်
နိုင်ငံတကာဆက်ဆံရေး၏ အရေးကြီးမှု၊ နိုင်ငံတော် အစိုးရအနေဖြင့် ကျောင်းသားများ၏ ပညာသင်ယူမှု
အခွင့်အလမ်းမဆုံးရှုံးစေရန် နိုဝင်ဘာ လ ၁ ရက်မှစ၍ အခြေခံပညာ ကျောင်းများကို မြို့နယ်
၄၆ မြို့နယ်မှ အပ ပြန်လည်ဖွင့်လှစ်ခဲ့မှုများ၊ သင်ခန်းစာများသင်ယူမှုနှင့် စာမေးပွဲစစ်ဆေးဆောင်ရွက်
သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရောက်ရှိမှုနှင့် ဦးတည်အုပ်စု ၂၄
ခု သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံ ပေးနေမှု၊ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုများ၊
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အစိုးရ၊ ပြည်သူလူထု၊ လူမှုရေး အသင်းအဖွဲ့များနှင့်
တပ်မတော်တို့ ပူးပေါင်းဆောင် ရွက်ခဲ့မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်
ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များလုပ်ဆောင်ခဲ့သည့်
Hit List ” ဟူသည့် စာရင်းနှင့်ပတ်သက် သည်များနှင့် ပြည်သူလူထုအပေါ် ခြိမ်း ခြောက်မှုများ၊
၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ရဟန်း သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်
အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရရှိမှု၊ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့မှုများကြောင့်
အစိုးရနှင့် ပုဂ္ဂလိကပိုင် အဆောက် အဉီများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးရမှု၊
NUG၊ CRPH အမည်ခံ အကြမ်းဖက် အဖွဲ့၏ အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းထား ရှိမှု၊ ဖမ်းဆီးရမိတရားခံ
NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ရန်ကုန်မြို့တွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင် ခဲ့သည့်
အခြေအနေများနှင့် ၎င်းနှင့်ဆက်စပ်တရားခံများကို လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြား ချက်များကို PowerPoint
Presentation များ၊ Video ဖိုင် များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အဖွဲ့ဝင် ဉီးခင်မောင်ဉီးက တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်မှုအခြေအနေများ၊
အချိုးကျကိုယ်စားပြုစနစ်(PR) နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ခဲ့မှုအခြေအနေများ၊
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့်
တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြ သူများအပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများနှင့်
မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ဉပဒေ၊ နည်းဉပဒေများ သုံးသပ်ပြင်ဆင်ခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြား သည်။
ယင်းနောက်
သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှု များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်
ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးနှင့်
ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး
သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင်
သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲ ဆိုင်ရာ အချက်အလက်များ၊
အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ဆက်နွယ်သူ များ၏ အချက်အလက်များ၊
လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ နှင့် သတင်း ထုတ်ပြန်ချက်များကို
ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
သတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အသေးစိတ်ရှင်းလင်းပြသ
သည်။
သတင်းစာရှင်းလင်းပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ
ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်
ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊
ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့်
သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြား¬မှု
အပြည့်အစုံကို ဆက်လက်ဖော်ပြ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment