Thursday, November 25, 2021

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့များနှင့်တွေ့ဆုံ

 


ဟိုပန်      နိုဝင်ဘာ    ၂၅

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လားဟူတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့နှင့် လီဆူတိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့တို့အား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ မဲသမာမှုများကြောင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ တိုင်းရင်းသားပြည်သူများအနေဖြင့် မည်သည့်အစိုးရတက်တက် ဒေသတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ တက်သည့် အစိုးရသည် မိမိအစိုးရဟု ခံယူတတ်ရန် လိုအပ်ကြောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့်လည်း  ဒေသအတွက် လိုအပ်သည်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘာသာရေးကဏ္ဍတွင်လည်း လူမျိုး/ဘာသာမခွဲခြားပဲ မျှတအောင်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီ အလှူခံရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာမည်ဖြစ်၍ ခွင့်ပြုချက်ရရှိပါက လူတိုင်းအား ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ် ကြောင်း၊ ယခုအခါ လူငယ်ပြုစုပျိုးထောင်ရေးဌာန (မူးယစ်ဆေးဖြတ်စခန်း) အား ကိုယ်ထူ ကိုယ်ထဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနေ ပြည်သူများအနေဖြင့် မိမိတိုင်းရင်းသားများ၏ အကျိုးကို ရှေးရှု၍ နိုင်ငံတော်မှဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာအတွက်လိုအပ်ချက် များရှိပါက တင်ပြပေးရန် ပြောကြားခဲ့ပါသည်။

ထို့နောက် လားဟူတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့က သောက်သုံးရေလိုအပ်ချက် ၊ ကျေးရွာလမ်းများ ကောင်းမွန်ရေး၊ ဆိုလာမီးရရှိရေး၊ ရေကန်တည်ဆောက်ပေးရေး၊ ကျေးရွာချင်းဆက်လမ်းပေါ် တံတားတည်ဆောက်ပေးရေး၊ ပညာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေး ရေးကို လည်းကောင်း၊ လီဆူစာပေယဉ်ကျေးမှုအဖွဲ့က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများအတွက် လမ်းတံတားနှင့်ရေရရှိရေး၊ ဘာသာရေး အဆောက်အဦ ဆောက်လုပ်မှု မပြီးပြတ်သေးသည့်အတွက် လိုအပ်သည့် ဘိလပ်မြေကူညီပေးရေးတို့ကို တင်ပြရာ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ 

တွေ့ဆုံပွဲအခမ်းအနားသို့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့်ဌာန ဆိုင်ရာများ၊ လားဟူနှင့်လီဆူတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)

 

No comments:

Post a Comment