နေပြည်တော် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်း၏ အထူးအထွေထွေ အစည်းအဝေး နှင့် ပထမအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ရန်ကုန်မြို့ မြန်မာနိုင်ငံ လူမွဲခံယူ ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်းက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ များ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကံဇော် သည် ဧည့်သည်တော်အဖြစ် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
အစည်းအဝေး
ပထမပိုင်းတွင် အသင်း၏ အထူးအထွေထွေ အစည်းအဝေး စတင်ကြောင်းနှင့် အထမြောက်ကြောင်း ကြေညာပြီး
ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင် သူများ ကြီးကြပ်ရေးကောင်စီ
ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာကံဇော် က လူမွဲခံယူခြင်းဆိုင်ရာဥပဒေကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ(၁၄)
ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဤဥပဒေ တွင် အပိုင်း (၁၁) ခု၊ ပုဒ်မပေါင်း (၄၂၅) ခု၊ စာမျက်နှာ
(၂၅၄) မျက်နှာ ပါဝင်ပါကြောင်း၊ ဥပဒေ တွင် ကုမ္ပဏီများ ကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊
မိုက်ခရို၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊
စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ တစ်သီး ပုဂ္ဂလလူမွဲခံခြင်း၊ ရာထူးလက်ရှိ ဖြစ်သူ၊ နယ်စပ်ဖြတ်ကျော်လူမွဲ
ခံယူခြင်းနှင့် အထွေထွေပြဋ္ဌာန်း ချက်များ ပါဝင်ပါကြောင်း၊ လူမွဲ ခံယူခြင်းဆိုင်ရာ
ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၆ ရက်တွင် တရားဝင် ဖွဲ့စည်းခဲ့ပါကြောင်း၊
ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ လမ်းညွှန်ချက်ဖြင့် မြန်မာ နိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ
ကျွမ်းကျင်သူများ အသင်းကို တရားလွှတ်တော် ရှေ့နေများ၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်
များဖြင့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ် ချက်(၁၄)ခု
ချမှတ်ထားပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးလာသည်နှင့် အညီ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ
သည်လည်း အလွန်အရေးပါလာ ပါကြောင်း၊ ဤဥပဒေကို ကိုင်တွယ်ကျင့်သုံး ဆောင်ရွက် ကြမည့် ကျွမ်းကျင်သူများအနေ
ဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကို ကျေညက်စွာ သိရှိနားလည်ထား ရန်နှင့် ဥပဒေပါပြဋ္ဌာန်းချက်များ
အတိုင်း လက်တွေ့လိုက်နာ အကောင်အထည်ဖော် ဆောင် ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက်
လူမွဲခံယူခြင်း ဆိုင်ရာ ကျွမ်းကျင်သူများအသင်း ဥက္ကဋ္ဌ ဦးဝင်းသင်က အဖွင့် နှုတ်ခွန်းဆက်
အမှာစကား ပြော ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ လူမွဲ ခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ များအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
(Constitution) ပြင်ဆင်ချက်များကို အထူး ဆုံးဖြတ်ချက်ချမှတ်၍ အတည်ပြု ခဲ့ကြပြီး အစည်းအဝေး
ပထမပိုင်း ကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍
အစည်းအဝေး ဒုတိယပိုင်းတွင် ပထမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်း အဝေး စတင်ကြောင်းနှင့်
အထမြောက်ကြောင်း ကြေညာပြီး အသင်း၏ဒါရိုက်တာအဖွဲ့ အစီရင် ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများ
ကို ဖတ်ကြားတင်ပြခြင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဘဏ္ဍာရေးကာလ
နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ဘဏ္ဍာရေး ကာလတို့အတွက် အသင်း၏
ပြင်ပစာရင်းစစ် အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်း၊ ဒါရိုက်တာ အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေး
ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ကို အတည်ပြုခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်အသစ်
၁၄ ဦးကို ခန့်အပ်ခြင်း၊ အတည်ပြု ခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင် အသစ်များ၏ အမည်စာရင်း
ကြေညာခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းနှင့် အခကြေးငွေ
သတ်မှတ်ခြင်းနှင့် အသင်းဝင်များမှ မေးမြန်းထား သောမေးခွန်းများနှင့် အကြံပြု ချက်များကို
ပြန်လည်ဖြေကြား ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်
ပြည်ထောင်စုစာရင်းစစ်ချုပ်၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေး ကောင်စီဥက္ကဋ္ဌ
ပါမောက္ခ ဒေါက်တာကံဇော်က ယခုအချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့်
စီးပွားရေးဦးတည်ချက်(၃)ရပ်ကို ချမှတ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် အစွမ်းကုန်ကြိုးပမ်း
ဆောင်ရွက်လျက်ရှိပြီး၊ ကိုဗစ်-၁၉ ရောဂါကြောင့်
စီးပွားရေးသက် ရောက်မှုများကို ကုစားနိုင်ရေး အတွက် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်
(MERP)နှင့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (CERP)များကိုလည်း ဆောင်ရွက်
လျက်ရှိပါကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်စွာ အကောင်အထည် ဖော်ရာတွင် လူမွဲခံယူခြင်းဆိုင်ရာ
ကျွမ်းကျင်သူ (Insolvency Practitioner-IP) များ၏ အခန်းကဏ္ဍ၊ IP အရေ အတွက် တိုးပွားလာစေရေး၊
ကျွမ်းကျင်မှုအရည်အသွေး ပြုစု ပျိုးထောင်ရေးနှင့် ကျင့်ဝတ်များ နှင့်အညီ လိုက်နာဆောင်ရွက်
နိုင်ရေးတို့သည် လွန်စွာအရေးကြီး သဖြင့် အလေးထားဆောင်ရွက် စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍
သဘာပတိ ဦးဝင်းသင်က နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေး ဒုတိယပိုင်းကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ လူမွဲခံယူ ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်းဥက္ကဋ္ဌ၊ အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်း
ဝင်များနှင့် ဧည့်သည်တော်များနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment