Thursday, November 25, 2021

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 


ဟားခါး     နိုဝင်ဘာ   ၂၅

၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ် ရေး နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို  အနှစ်သာရရှိရှိ ကျင်းပနိုင်ရးအတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း ၊ အခမ်းအနား ကျင်းပရာမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်−၁၉ လမ်းညွှန်ချက်များနှင့်အညီ စည်ကားစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုကြောင်း ၊ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် အတွေ့ အကြုံရှိခဲ့ကြပြီး သူများဖြစ်သည့် အတွက် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် အမှာစကားပြောကြား သည်။

ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ အလံတင်အခမ်းအနားနှင့် စစ်ရေးပြကော်မတီ ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ် ကော်မတီ ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က အကြံပြုဖြည့်စွက်တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မောင်တက်လမ်း                                                      

 

   .                                                                                                                          

 



No comments:

Post a Comment