ပုသိမ် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၀) ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင် တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘော်လီဘော အားကစား သမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာနိုင်စေဖို့နဲ့ တိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်ကာ၊ နိုင်ငံတော်အတွက်ကိုပါ ဂုဏ်ဆောင်အားကစားသမား များ ဖြစ်အောင်ကြိုးစားသွားကြဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး လေ့ကျင့်ယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြကာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက် ခွာခဲ့ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး လက်ရွေးစင်ဟောင်းများမှ သရုပ်ပြကစားခြင်းနှင့် ပြိုင်ပွဲဝင် အမျိုးသားအသင်းများဖြစ်သော ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက် နေ့မှ နိုဝင်ဘာလ(၂၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment