Monday, November 22, 2021

ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး လှိုင်းဘွဲမြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 



လှိုင်းဘွဲ      နိုဝင်ဘာ   

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် မြို့နယ် သံဃနာယကအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ဘာသာရေး ခေါင်းဆောင် အသီးသီးမှ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ကြသော အောက်ဆီဂျင်စက်ရုံကို ပြီးစီးပြီးဖြစ်၍ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈  နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီးမှုအခြေအနေတို့ကို အဖွင့်အမှာစကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံဖွင့်ဖွင့်ပွဲ အထိမ်းအမှတ် အလံတော်အား ပေးအပ်ခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တ စက္ကိန္ဒ၊ မြို့နယ် သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် မဲဆမိတ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒရ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်သယံဇာတ နှင့်သစ်တောရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ နယ်ခြား စောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့  အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်အမျိုးသား အစည်းအရုံးမှ ပဒိုစောထွန်းနီ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ လှိုင်းဘွဲ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် အောက်ဆီဂျင်စက်ရုံ ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောကျော်ဇင်လတ်တို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)

No comments:

Post a Comment