နေပြည်တော် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး
တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊
တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
ရာပြည့်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း
ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် အဖွဲ့ဝင်များ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ
(၂၀၂၁) သို့ တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ နှင့်ကိုယ်စားလှယ်များ၊
ဖိတ်ကြားထားသည့်ဧည့် သည်တော်များ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း
ကြီးကြပ်ရေးအဖွဲ့ အသီးသီးက တာဝန်ရှိသူများက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင်
မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးကို ဒို့တာဝန်အရေးသုံးပါးနှင့်
တိုင်းရင်းသား ပြည်သူ များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊အမျိုးသား
ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အား အဖြစ် ပါဝင် ဆောင်ရွက်ရန်၊
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် အပြန်အလှန် အကူအညီပေးရန်နှင့်
နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များနှင့်
ဖွဲ့စည်းတည်ဆောက် ထားခြင်းပင် ဖြစ်ကြောင်း။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးကို
တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့များ၊ မြို့နယ်အဆင့်စစ်မှုထမ်းဟောင်းအဖွဲ့များနှင့်
ဖွဲ့စည်းထား ခြင်းဖြစ်ပြီး စစ်မှုထမ်းဟောင်းများအဖြစ် တာဝန်ထမ်းဆောင် နေကြသူများသည်
ယခင် က တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏အသက်ခန္ဓာကို ပင်မငဲ့ကွက်ဘဲ နိုင်ငံတော်က
ပေးအပ်လာသည့် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများပင်ဖြစ် ကြောင်း၊ အဖွဲ့ကြီးသည်
စည်းကမ်းပြည့်ဝသည့် တပ်မတော်သားအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးကြသူများနှင့် စနစ်တကျစုဖွဲ့ထားသည့်
အဖွဲ့ကြီးဖြစ်သဖြင့် နိုင်ငံတော် နှင့် တပ်မတော်အတွက် အားထားရသည့် ကျစ်လျစ်ခိုင်မာသည့်
အဖွဲ့အစည်းကြီး လည်းဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည်လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ
သမိုင်း၏မဖြစ်မနေ လိုအပ်ချက်အရ ပေါ်ပေါက်ခဲ့သည့် တစ်ခုတည်းသောမျိုးချစ် တပ်မတော်ဖြစ်ကြောင်း၊
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ် နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ပေါ်ပေါက်ခဲ့ခြင်းသည် မြန်မာ့လွတ်လပ်ရေး တံခါးကို
အစပျိုး ဖွင့်လိုက် နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးလမ်းကြောင်းသည် ကြမ်းတမ်းခဲ့
သကဲ့သို့ တိုင်းပြည်လွတ်လပ်ပြီးနောက်ပိုင်း ရင်ဆိုင်ခဲ့ရသည့် အခြေအနေများသည် လည်း တိုင်းပြည်ပြိုကွဲလုနီးနီးအထိ
ဖြစ်ခဲ့ရကြောင်း၊ ထိုကဲ့သို့ အခြေအနေများတွင် မိမိတို့ တပ်မတော်သည် ရှိသမျှလူ၊ လက်နက်အင်အားများနှင့်
တိုင်းပြည်ရန်စွယ် အသွယ်သွယ်ကို ကျားကုတ်ကျားခဲ တွန်းလှန်ပေးခဲ့ရကြောင်း။
မိမိတို့နိုင်ငံသူ့ကျွန်ဘဝရောက်ရှိခဲ့ခြင်း၏
အဓိကအကြောင်းအရင်းကိုလေ့လာ ကြည့်မည်ဆိုပါက စည်းလုံးညီ ညွတ်မှု အားနည်းခြင်းနှင့်အတူ
အင်အားတောင့်တင်း ပြီး စနစ်တကျစုဖွဲ့လေ့ကျင့်ထားသည့် ခေတ်မီတပ် မတော် တစ်ရပ်မရှိခဲ့ခြင်းကလည်း
အဓိက အချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့အခါတွင်
တပ်မတော်အနေဖြင့် အတိတ်က မြန်မာ့သမိုင်းစဉ်၌ကြုံတွေ့ခဲ့ရသည့် အားနည်းချက် များကို သင်ခန်းစာယူပြီး
အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်ကို တည်ဆောက်ပုံ
ဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များသည်လည်း
ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ ပေးအပ်လာသည့်အမိန့်နှင့်တာဝန်များကို
ကျေပွန် အောင် ဆောင်ရွက်ခဲ့ ကြသည်ကိုတွေ့ရကြောင်း။
ယခုအခါ တပ်မတော်အနေဖြင့်
နိုင်ငံတော်တာဝန်များကိုရယူခဲ့ရသည်မှာ မကြာမီ ၁၀ လပြည့်မြောက်တော့ မည်ဖြစ်ကြောင်း၊
မိမိတို့တပ်မတော်သည် နိုင်ငံတော် ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ
နိုင်ငံတော်နှင့် အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍနှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့်
ပါတီစုံဒီမိုကရေစီ စနစ် ခိုင်ခိုင်မာမာရှိစေရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊
နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို
ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူမှန်သမျှကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ
ကာကွယ်တားဆီးသွားရမည့် တာဝန်ရှိကြောင်း၊ မိမိတို့တပ်မတော်သည် အတိတ်သမိုင်းတွင်လည်း
နိုင်ငံတော်အရေးပေါ် အခြေအနေ များနှင့်ကြုံတိုင်း ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရသည့်
သာဓကများရှိခဲ့ကြောင်း၊ ယနေ့ ကာလ၌လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင်
မဲမသမာမှုများစွာကိုဖန်တီးပြီး နိုင်ငံတော် အာဏာကို အတင်းရယူရန်ကြိုးစားခဲ့သူများ ကြောင့်
နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေ အနေကြေညာပြီး အချိန်မီ ထိန်းသိမ်းပေးခဲ့ရကြောင်း၊
ထိုကဲ့သို့တာဝန်ယူခဲ့ရသည့် ကာလအတွင်း ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်
(၅)ရပ်နှင့်အညီ အဆင့်ဆင့် အကောင်အထည်ဖော်လျက်
ရှိကြောင်း။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို
အခြေခံဥပဒေနှင့်အညီ မဖြစ်မနေ တာဝန် ယူခဲ့ရသည့် ဖြစ်စဉ်မှန်များကို မသိကျိုးကျွံပြုကာ
တပ်မတော်နှင့် ပြည်သူသွေးကွဲ အောင်၊ တပ်မတော်အင်အားချည့်နဲ့ပြီး တိုင်းပြည်ပြိုကွဲ အောင်
သွေးခွဲမှိုင်းတိုက်နေသည် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏လုပ်ရပ်များကို သိရှိနားလည်ပြီး
ဥပဒေဘောင် အတွင်းကနေ သတိရှိရှိဖြင့် တွန်းလှန်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း။
ယနေ့အချိန်တွင် တိုင်းပြည်၏
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်း များတွင် တပ်မတော်၏အရန်အင် အားဖြစ်သည့်
စစ်မှုထမ်းဟောင်းအဖွဲ့သည် တာဝန် သိသိနှင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရကြောင်း၊
ဒေသအချို့၌
သဘောထား ကွဲလွဲသည့်သူများက တပ်မတော်မုန်းတီးရေးများ ပြောဆိုပြုလုပ်၍ အငြိမ်းစား တပ်မတော်သား
စစ်မှုထမ်းဟောင်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်း တွေ့လာရပါ ကြောင်း၊ ယင်းတို့ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် ပြည်သူ၏ပူးပေါင်း
ဆောင်ရွက်မှုနှင့် ကာကွယ်သွားရန်လိုကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များတွင်
ထိခိုက် ဒဏ်ရာရရှိ၊ သေဆုံးခဲ့ရသည့် စစ်မှုထမ်းဟောင်းများအတွက်လည်း အသိအမှတ်ပြု ကြောင်းနှင့်
ဝမ်းနည်းကြောင်းကို ပြောကြားလိုကြောင်း။
မိမိတို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၃၈၆ တွင်
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့်
နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်”ဟု ပြဋ္ဌာန်းထား ကြောင်း၊
ယင်းပြဋ္ဌာန်းချက်နှင့် ဆက်စပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ ပြည့်နှစ်)နှင့် အရန်တပ်ဖွဲ့ဥပဒေ
(၂၀၁၀ ပြည့်နှစ်) တို့ကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်ကြောင်း၊
ပြည်သူ့စစ်မှုထမ်း ဥပဒေ၌ အသက်အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်းသည် ကာလအပိုင်းအခြား
အလိုက် စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး
အဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆင့်ခေါ်ခြင်းအပါအဝင် လုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်စုံစုံ
ပြဋ္ဌာန်း ထားသည်ကိုတွေ့နိုင်ကြောင်း၊ ထို့အပြင် စစ်မှုထမ်းခြင်းမှ
နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိထားသည့် စစ်မှုထမ်းတစ်ဦးအနေဖြင့် အရန်တပ်ဖွဲ့တွင်
ပါဝင်ထမ်းဆောင်နိုင်ရေး အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ လိုအပ်ပါက အဆိုပါဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမည်ပင် ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် ရောဂါကုသရေးဌာနများ၊ ရောဂါကာကွယ်ရေးဌာနများ၊ ကာကွယ်ဆေး ထိုးနှံရေးဌာန များတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဆက်လက်၍လည်း စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားကြ ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်ဒေသ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်သူလူထုတို့နှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လက်တွေ့ကျသည့် စည်းရုံး ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ပင်ဖြစ်ကြောင်း၊ “တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊ ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည်” ဆိုသည့်အတိုင်း တစ်ခါစစ်သားဖြစ်ခဲ့ဖူးသည့် စိတ်ကို သေတပန်သက်တဆုံး တပ်မတော်သားဆိုသည့် စိတ်ဓာတ်များနှင့် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
မိမိတို့တပ်မတော်အနေဖြင့်
နိုင်ငံတော်နှင့်တပ်မတော် တာဝန်များကို ထမ်းဆောင်ရင်း မသန်စွမ်းဖြစ်သွားကြ သည့် တပ်မတော်သားများနှင့်
ကျဆုံး၊ သေဆုံး ခဲ့ကြသော တပ်မတော်သား မိသားစုဝင်များကိုလည်း ထောက်ပံ့ စောင့်ရှောက်မှုများကို
စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်က အငြိမ်းစား ယူ သွားကြသည့် တပ်မတော်သားများနှင့်
မိသားစုဝင်များ နောင်ရေးစိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေး နေပြည်တော်တွင်ရှိသည့်
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအပြင် တိုင်းနှင့်ပြည်နယ် အလိုက်တွင်လည်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများကို
တည်ဆောက်ပေးခဲ့သကဲ့သို့ ဆက်လက်၍လည်း တည်ဆောက်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက်
တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါများ စွန့်လွှတ် ခဲ့ရသည့် စစ်သည်များ
အငြိမ်းစားယူပြီးသည့်နောက်တွင် ဘဝအာမခံချက်ရှိစေရေး အသက်မွေးမှု အတတ်ပညာများကိုလည်း
တပ်မတော်အသက်မွေးမှု အတတ်ပညာသင် စခန်းများတွင် သင်ကြားပေးလျက်ရှိကြောင်း၊
တပ်မတော်အနေဖြင့် တပ်မတော်သား များ၏ ပညာရည်မြင့်မားရေး အတွက်ကိုသာမက မှီခိုသူသားသမီးများ၊
စစ်မှုထမ်းဟောင်း သားသမီးများ၏ ပညာရေးအတွက်ပါ အလေးထား ဆောင် ရွက်ပေးလျက်ရှိကြောင်း။ တိုင်းပြည်တည်ငြိမ်အေးချမ်းစေရေး
အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး သည် မရှိမဖြစ်လိုအပ်သည့်အရာပင်ဖြစ်ကြောင်း၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ အစည်းများ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အပြည့်အဝ ရောက်ရှိပြီး မိမိတို့အားလုံး
တူညီစွာလိုလားသည့် နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်နိုင်ကြရေးကို တပ်မတော်က စိတ်ရင်းစေတနာမှန်မှန်နှင့်
ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်အနေဖြင့် တိုင်းပြည်၏လိုအပ်ချက်အရ
ထမ်းဆောင်နေရသည့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ သန့်သန့်ရှင်းရှင်း
ဖြူဖြူ စင်စင် ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း
ချမှတ်ပေး ထားသည့် လုပ်ငန်းကဏ္ဍကြီး ၅ ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်ကို ယခု ထက်မက
ပိုမိုအောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုံ့လစိုက် ထုတ်ကြိုးစား သွားကြရန်
တိုက်တွန်းမှာကြားလိုကြောင်း၊ တပ်မတော်သားဟောင်းများဖြစ်သည့် စစ်မှုထမ်းဟောင်းများသည်
တပ်မတော်၏အစဉ်အလာကောင်းများကို ထာဝစဉ် ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏
ကောင်းမွန် သည့်ဂုဏ်သိက္ခာများ ကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရမည် ဖြစ်ကြောင်း၊
ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင်
တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည် သွားကြရမည်ဖြစ်ကြောင်း၊ ချမှတ်ပေးထား
သည့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်နှင့် လုပ်ငန်း ကဏ္ဍကြီး ၅ ရပ်ကို စစ်သားကောင်း တစ်ယောက်ပီပီ
လိုက်နာအကောင်အထည်ဖော်ပြီး ပြည်သူနှင့်တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးသဖွယ်ဖြစ်အောင်
ကြိုးစားသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ
ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား) က မသန်စွမ်းစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများနှင့် တပ်မတော် ဆိုင်ရာ တက္ကသိုလ်များ တွင်
တက်ရောက်ပညာသင်ကြားလျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ သား၊ သမီးများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ
ပေးအပ်သည်။
၎င်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည်
အခမ်းအနားတက် ရောက် လာကြသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ဝင်
များနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ပြီး စစ်မှူထမ်းဟောင်း အဖွဲ့ဝင်များအား
ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment