အင်္ဂပူ နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ အလှူရှင် (ASE AN AHA CENTER )မှလှူဒါန်းသော Oxygen Concentratorနှင့်ဆလင်ဒါများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီက အင်္ဂပူမြို့ ပြည်သူ့ဆေးရုံး အစည်းဝေးခန်မ၌ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အမှာစကားပြောခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မန်းကြည်ရွှင်က ပေးအပ်လှူဒါန်း ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင် ASEAN AHA CENTER မှလှူဒါန်းသော Oxygen Concentratorနှင့် ဆလင်ဒါများကို တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မန်းကြည်ရွှင်မှ ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးပပစိုးရည်က လက်ရယူသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီးမြို့နယ် ဆရာဝန်ကြီးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မန်းကြည်ရွှင်၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီးအင်္ဂပူ မြို့နယ်တွင် အသုံး ပြုရန်အတွက် Oxygen Concentrator (၁၀)လုံးနှင့် ဆလင်ဒါ(၄)လုံးတို့အားပေးအပ်လှူ ဒါန်းခဲ့ကြောင်းသိရသည်။
မန်းကျော်
No comments:
Post a Comment