Saturday, October 16, 2021

လေ့ကျင့်သင်ကြားရေးလုပ်ငန်းများသရုပ်ပြပွဲ အခမ်းအနားကျင်းပ

 





နေပြည်တော် အောက်တိုဘာ ၁၆

 ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေး တို့အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ “လေ့ကျင့်သင်ကြား ရေးလုပ်ငန်းများ သရုပ်ပြပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဦးလှမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဦးစီးဌာနရှိ စက်ပစ္စည်းများကို အသုံးပြုပြီး Incubation Center ထူထောင်ဖွင့်လှစ်၍ သင်တန်း သားများအား လေ့ကျင့်ပေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့်နေရာတွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုပုံမှန်ဝင်ငွေရစေမည့် အသက်မွေး ဝမ်းကျောင်းပညာ ကာလတိုသင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့် လှစ်သင် ကြားပေးရန် လိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းအမယ်သစ်များ ပေါ်ပေါက် လာစေရေး အတွက်လည်း သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုများကို အားထည့်ကြိုးပမ်း ဆောင် ရွက်သွား ရမည်ဖြစ်ကြောင်း၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကော်ဖီ ကို စားသောက်ကုန်အတွက် သာမက ကော်ဖီအခြေခံတန်ဖိုးမြှင့် လူသုံးကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းရ မည်ဖြစ် ကြောင်း၊ လုပ်ငန်းသုံးစက် ကိရိယာများ ကို တောင်သူများ သမဝါယမ စနစ်ဖြင့် ဝယ်ယူနိုင် ရေးအတွက် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနများ တည်ထောင်ပြီး အသေးစား လုပ်ငန်းရှင်များ မွေးထုတ်ပေး ခြင်းဖြင့် ကျေးလက်နေပြည်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နည်းပညာများရရှိနိုင်ရန် ပြည်တွင်းရှိ ပညာရှင်များထံမှ သင်ယူနိုင်ရေး၊ ပြည်ပသို့ စေလွှတ်၍ နည်းပညာရယူနိုင်ရေးနှင့် ခေတ်မီသည့် စက်ပစ္စည်း ကိရိယာများရရှိရေးကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြား သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းခန်းမအတွင်း နည်းပြများမှ သင်တန်း သူ/ သင်တန်းသားများအား လက်တွေ့သင်ကြားပို့ချသရုပ်ပြမှုများ၊ စပါးပျိုး ထောင်ခြင်း စံပြနမူနာ ပျိုးရုံ၊ ငှက်ပျောသီးအခြောက်ခံရုံနှင့် လက်တွန်းမျိုးစေ့ချကိရိယာဖြင့် လက်တွေ့ သရုပ်ပြမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment