ပဲခူး အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွားနယ်ပယ် အသီးသီးဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အပေါ် အခြေခံ၍ ရေးဆွဲ ထားခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ပြီး သာမန်လုပ်ရိုးလုပ်စဉ်မျိုးမဟုတ်ဘဲ တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ထူးခြားလေးနက်တဲ့ လုပ်ငန်းအဖြစ် ခံယူဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ဒေသန္တရစီမံကိန်းများ ရေးဆွဲရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်း ချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ် ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် လယ်ယာ ကဏ္ဍကြီး(လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ)တွင် (၂.၂)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး(စွမ်းအင်၊ သတ္တုနှင့် တွင်းထွက်၊ စက်မှုလက်မှု၊ လျှပ်စစ်ဓါတ်အား၊ ဆောက်လုပ်မှုကဏ္ဍ)တွင် (၇.၂)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ ကြီး (ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ အခြားဝန်ဆောင်မှု၊ ကုန်သွယ်ကဏ္ဍ)တွင် (၃.၈)ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)
Subscribe to Myanmar Newspaper
Subscribe to The Global New Light of Myanmar
Subscribe to MOI
၀၅၂-၂၂၀၀၀၉၅
No comments:
Post a Comment