Friday, October 15, 2021

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို တနင်္သာရီမြို့-ဗောဓိကမ်းတံတား တည်ဆောက်ပြီး စီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု


တနင်္သာရီ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ ညနေ ၄ နာရီအချိန်က တနင်္သာရီမြို့သို့ ရောက်ရှိကာ ငဝန်ချောင်းမငယ် ကိုဖြတ်၍ တနင်္သာရီမြို့နှင့် မြို့နယ်အတွင်းကျေးရွာများသို့

 ဆက်သွယ်ပေးထားသည့် ဗောဓိကမ်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင်က ဗောဓိကမ်းတံတားတည် ဆောက်ပြီးစီးမှု အခြေအနေနှင့် အချက်အလက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသက်ဇော်ဝင်းက ချည်းကပ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြသည်။

အဆိုပါ ဗောဓိကမ်းတံတားတည်ဆောက်ရေး စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) မှ ၂၀၁၈ ခုနှစ်၊မေလ(၁)ရက်က စ၍ တာဝန်ယူ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တံတား၏အရှည် (၇၈၇)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေနှင့် လူသွားလမ်း အကျယ် တစ်ဖက်လျှင် (၃ပေ) စီပါရှိကာ  ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေနှစ်ရပ်ပေါင်း ကျပ်သန်းပေါင်း (၅၀၀၀) ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ  တံတားလုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင် ၏ ရှင်းလင်းတင်ပြချက်အရ သိရှိရသည်။

အဆိုပါ တံတား၏ ချဉ်းကပ်လမ်းမှာ တနင်္သာရီဘက်ကမ်းမှ ချည်းကပ်လမ်း အရှည် (၃၉၇၀)ပေနှင့် ဗောဓိကမ်း ကျေးရွာဘက်ခြမ်းမှ ချည်းကပ်လမ်းအရှည် (၁၂၂၇) ပေ စုစုပေါင်း အရှည် ၅၁၉၇ ပေ ရှိပြီး လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ရာ ဒေသတွင်းပြည်သူများ  အဆင်ပြေ လွယ်ကူစွာ ခရီးသွားလာနိုင်တော့ မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment