Friday, September 10, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သောင်းကျန်း သူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်  စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မင်းကင်းမြို့နယ်မှ PDF အကြမ်းဖက် သောင်းကျန်းသူများနှင့် ကနီမြို့နယ်မှ PDF အကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ဦးခန့်သည် မင်းကင်းမြို့နယ်အတွင်းရှိ မအူကျေးရွာ၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့မှ ဝိုင်းရံ ပိတ်ဆို့ကာ ညနေ ၄ နာရီအချိန်တွင် သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ ပြည်သူများမှာ ကျေးရွာအား စွန့်ခွာကာ ကျေးရွာ၏အနောက်ဘက်မှ ပုံတောင်ပုံညာဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထို့နောက်အကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူများ၏ နေအိမ်များအား လိုက်လံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ ကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သောင်းကျန်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများ နှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment